Search This Blog

Tuesday, September 12, 2023

Five interesting facts to Know about Zirconium

 Zirconium is a versatile element used in a variety of industries, including nuclear reactors and jewellery making. Learn five interesting facts about this fascinating element.

1. Zirconium is a shiny silver-grey metal.
2. The mineral zircon is relatively widespread on the Earth’s surface
3. Zirconium was discovered in 1789
4. Zirconium is mainly used in nuclear power
5. While most zirconium is used in the nuclear field, it is not limited to that
The IAEA has released The Metallurgy of Zirconium, a three-volume publication offering a comprehensive overview of the metal, its extraction, properties and applications in nuclear energy.
Download လုပ်ရန်

image- IAEA

Friday, March 25, 2016

Aim of Physics

ကျယ်ပြန့်မှုနှင့် ရည်ရွယ်ချက်

ရူပဗေဒသည် အက်တမ်အောက်သေးငယ်သော အရာဝတ္တုများမှ အကြီးမားဆုံး ဂလက်ဆီ များတွင် ဖြစ်ပေါ်သော များစွာလှသောဖြစ်ရပ်များကို ရှင်းလင်းနိုင်သည်။

သိပ္ပံနည်းကျ နည်းစဉ်များ

ရူပဗေဒ

ယခုအခါတွင် လူတို့သည် ညဉ့်ကို နေ့ကဲ့သို့ လင်းစေရန်၊ ခရီးဝေးကို ခရီးနီးဖြစ်စေရန်၊ အဝေးမှ လွှင့်လိုက်သော အသံကို အနီးမှ လွင့်သကဲ့သို့ ကြားရစေရန်၊ လူ၏ခန္ဓာကိုယ်အတွင်းပိုင်း ကဲ့သို့သော သာမန်မျက်စိဖြင့် မမြင်စွမ်းနိုင်သည့်နေရာများကို ကြည့်မြင်နိုင်စေရန် အစရှိသည်ဖြင့် ဆန်းသစ်သော အသိသစ် နည်းများကို အမျိုးမျိုး ကြံစည်ဖန်ထီးလျက် ရှိကြပေသည်။ ရှေးအခါက ထိုကဲ့သို့သော တိုးတက်ပြောင်းလဲမှုများကို မြင်ဖူးကြားဖူးဖို့ ဝေးစွ၊ အိပ်မက်ပင် မက်ဖူးကြမည် မဟုတ် ပေ။ ရူပဗေဒဟု ဆိုအပ်သော သိပ္ပံပညာရပ်ကို အပတ်တကုတ် ကြိုးပမ်းလေ့လာ လိုက်စားသည့် ပုဂ္ဂိုလ်ကြီးများသာ မရှိခဲ့လျှင် ကျွန်ုပ်တို့ခေတ်သို့ ရောက်သည့်တိုင်အောင် ဤသို့ ဆန်းသစ် သော ကြံစည်တွေ့ရှိချက်များ ပေါ်ပေါက်လာနိုင်ဦးမည် မဟုတ် သေးချေ။


ရူပဗေဒ

ရူပဗေဒ၏ အင်္ဂလိပ်စကားလုံး Physics သည် ရှေးဟောင်းဂရိ: φυσική (ἐπιστήμη) phusikḗ (epistḗmē) "သဘာဝဆိုင်ရာ အသိပညာ" နှင့် φύσις phúsis "သဘာဝ"[၁][၂] တို့မှ ဆင်းသက်လာသည်။
ရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြာဝဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၄င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၎င်းတို့မှရလာသော အဆုံးသတ်ဖြစ်ပေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။
ရူပဗေဒ (Physics) သည် ဒြပ်ဝတ္တုများ နှင့် လှုပ်ရှားမှုများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒ နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် စွမ်းအင်၊ အား၊ ဝတ္တု နှင့် လျှပ်စစ်ဓာတ် ကို အသုံးပြုသည်။ ခြုံငုံပြောရလျှင် ရူပဗေဒသည် သဘာဝကို လေ့လာဆန်းစစ်မှုဖြစ်ပြီး ကျွန်ုပ်တို့၏ ပါတ်ဝန်းကျင် အားလုံးကို နားလည်ရန်ပင်ဖြစ်သည်။
ရူပဗေဒဆိုသော စကားလုံးသည် ပါဠိဘာသာစကားမှ ဆင်းသက်လာတာခြင်းဖြစ်သည်။ (ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟု အဓိပ္ပါယ်ဆောင်သည်။ ရူပဗေဒ၏ အဓိပ္ပါယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု ၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုပါသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။

တစ်နည်းမဟုတ် တစ်နည်းဖြင့် ရူပဗေဒသည် ရှေး အလွန်ကျလှပြီး နက္ခတ္တဗေဒထက်ပင် ရှေးကျပေလိမ့်မည် ဖြစ်ပြီး တစ်ခါတစ်ရံ ဖီလိုဆိုဖီဓာတုဗေဒ တို့ အသွင်ဆောင်ကာ နောက်ပိုင်း ကာလများတွင် သင်္ချာ နှင့် ဇီဝဗေဒ တို့၏ ဂိုဏ်းကွဲ ပင် ဆောင်ပြီးနောက် ၁၆ ရာစုတွင် ရူပဗေဒသည် ခေတ်သစ် ရူပဗေဒ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ယခုတွင် ရူပဗေဒ ဘာသာရပ် အဖြစ် သီးသီးခြားခြား ကန့်သက်နိုင်သော အဆင့်ရောက်သော်လည်း အခြားဘာသာရပ်များ၏ လေ့လာမှု ကဏ္ဍနှင့်ကား ကွဲခြားရန် ခက်ခဲလှပေသေးသည်။
များသောအားဖြင့် ရူပဗေဒကို အရေးကြီးသော ဘာသာရပ် အဖြစ် သိမြင်ကြပြီး ရူပဗေဒ တိုးတက်မှုကို နည်းပညာ ပိုင်းဆိုင်ရာ တို့တွင် တိုက်ရိုက် တွေ့နိုင်သလို၊ တခါတရံ အခြား ဘာသာရပ်များသို့ ပြန့်နှံ့ရာတွင် သင်္ချာ နှင့် ဖီလိုဆိုဖီ တို့တွင်ပါ ပြန့်နှံ့သွားတက်သည်။ ဥပမာအားဖြင့် လျှပ်စစ်သံလိုက် နားလည်တိုးတက်မှုတွင် ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ စသည့် ပစ္စည်း ကိရိယာ များ ပေါ်ထွက်လာခဲ့သလို သာမိုဒိုင်းနမိုက် တိုးတက်မှုတွင် စက်ဆွဲယာဉ်များ ပေါ်ထွက်လာခဲ့သလို မက္ကင်းနစ် နားလည်တိုးတက်မှုတွင် ကဲကုလပ် နှင့် ကွန်တမ် ဓာတု ပေါ်ထွန်းစေခဲ့ပြီး အဏုဇီဝ တွင် သုံးသော အီလက်ထရွန် မိုက်ခရိုစကုပ် ပေါ်ပေါက်ခဲ့သည်။
ယနေ့ခေတ်တွင် ရူပဗေဒသည် အလွန်ကျယ်ပြန့်ပြီး အဆင့်မြင့်သော ဘာသာရပ် ဖြစ်ကာ လက်တွေ့ကျကျ လေ့လာရာတွင် ဂိုဏ်းကွဲ များစွာရှိသည်။ ထို့အပြင် သဘောအားဖြင့် ရူပဗေဒကို သီအိုရီ နှင့် လက်တွေ့ ဟူ၍ ကွဲနိုင်သည်။ သီအိုရီ တွင် သီအိုရီ အသစ်ရရေးကြိုးပမ်းပြီး လက်တွေ့တွင် သီအိုရီ အသစ်/အဟောင်း တို့ကို မှန်မမှန်ဆန်းစစ်သည်။ လွန်ခဲ့သော ရာစုနှစ် လေးခု လောက်ကတည်းက အလွန် တိုးတက်လာခဲ့သော်လည်း သဘာဝ ဖြစ်ရပ်များစွာကို အဖြေမပေးနိုင်သေးပဲ ရူပဗေဒသည် သွက်သွက်လက်လက် လှုပ်ရှားလျက် ရှိသည်။

ရူပဗေဒဖြစ်စဉ် အမျိုးမျိုးတို့၏ နမူနာများ
Bose Einstein condensate.png
Wavy.gif
Optical-feedback-2-short.gif
zawgyi
႐ူပေဗဒ၏ အဂၤလိပ္စကားလုံး Physics သည္ ေရွးေဟာင္းဂရိ: φυσική (ἐπιστήμη) phusikḗ (epistḗmē) "သဘာဝဆိုင္ရာ အသိပညာ" ႏွင့္ φύσις phúsis "သဘာဝ"[၁][၂] တို႔မွ ဆင္းသက္လာသည္။

႐ူပေဗဒသည္ သဘာဝတရား၏ သိပၸံပညာ ျဖစ္ၿပီး စၾကာဝဠာ၏ အေျခခံပစၥည္းမ်ားအေၾကာင္း၊ ၄င္းတို႔၏ တစ္ခုေပၚတစ္ခု အားသက္ေရာက္မွုႏွင့္ အျပန္အလွန္ဆက္ႏြယ္ေနမွု ၎တို႔မွရလာေသာ အဆုံးသတ္ျဖစ္ေပၚခ်က္မ်ားကို ကိုင္တြယ္ေျဖရွင္းေသာ ဘာသာရပ္ျဖစ္သည္။

႐ူပေဗဒ (Physics) သည္ ျဒပ္ဝတၱဳမ်ား ႏွင့္ လွုပ္ရွားမွုမ်ားကို ေလ့လာေသာ ဘာသာရပ္ျဖစ္သည္။ ႐ူပေဗဒ ေနရာ ႏွင့္ အခ်ိန္ကိုလည္း ေလ့လာသည္။ ႐ူပေဗဒသည္ စြမ္းအင္၊ အား၊ ဝတၱဳ ႏွင့္ လၽွပ္စစ္ဓာတ္ ကို အသုံးျပဳသည္။ ျခဳံငုံေျပာရလၽွင္ ႐ူပေဗဒသည္ သဘာဝကို ေလ့လာဆန္းစစ္မွုျဖစ္ၿပီး ကၽြန္ုပ္တို႔၏ ပါတ္ဝန္းက်င္ အားလုံးကို နားလည္ရန္ပင္ျဖစ္သည္။

႐ူပေဗဒဆိုေသာ စကားလုံးသည္ ပါဠိဘာသာစကားမွ ဆင္းသက္လာတာျခင္းျဖစ္သည္။ (႐ူပ = ႐ုပ္၊ ေဗဒ=ပညာ)႐ုပ္ဝတၳဳေတြအေၾကာင္း ေလ့လာေသာ ပညာဟု အဓိပၸါယ္ေဆာင္သည္။ ႐ူပေဗဒ၏ အဓိပၸါယ္ကို ျမန္မာလို တိုက္ရိုက္ဖြင့္ဆိုပါက (႐ူပ = ႐ုပ္ဝတၱဳ ၊ ေဗဒ = ခြဲျခမ္း စိတ္ျဖာေသာ ပညာ) ႐ုပ္ဝတၱဳမ်ားကို ခြဲျခမ္းစိတ္ျဖာ၍ ေလ့လာေသာ ပညာရပ္ဟု ဆိုလိုပါသည္။ တနည္းအားျဖင့္ သဘာဝသိပၸံပညာ ျဖစ္သည္။


တစ္နည္းမဟုတ္ တစ္နည္းျဖင့္ ႐ူပေဗဒသည္ ေရွး အလြန္က်လွၿပီး နကၡတၱေဗဒထက္ပင္ ေရွးက်ေပလိမ့္မည္ ျဖစ္ၿပီး တစ္ခါတစ္ရံ ဖီလိုဆိုဖီ၊ ဓာတုေဗဒ တို႔ အသြင္ေဆာင္ကာ ေနာက္ပိုင္း ကာလမ်ားတြင္ သခၤ်ာ ႏွင့္ ဇီဝေဗဒ တို႔၏ ဂိုဏ္းကြဲ ပင္ ေဆာင္ၿပီးေနာက္ ၁၆ ရာစုတြင္ ႐ူပေဗဒသည္ ေခတ္သစ္ ႐ူပေဗဒ အျဖစ္ ေပၚေပါက္လာခဲ့ၿပီး ယခုတြင္ ႐ူပေဗဒ ဘာသာရပ္ အျဖစ္ သီးသီးျခားျခား ကန႔္သက္နိုင္ေသာ အဆင့္ေရာက္ေသာ္လည္း အျခားဘာသာရပ္မ်ား၏ ေလ့လာမွု က႑ႏွင့္ကား ကြဲျခားရန္ ခက္ခဲလွေပေသးသည္။

မ်ားေသာအားျဖင့္ ႐ူပေဗဒကို အေရးႀကီးေသာ ဘာသာရပ္ အျဖစ္ သိျမင္ၾကၿပီး ႐ူပေဗဒ တိုးတက္မွုကို နည္းပညာ ပိုင္းဆိုင္ရာ တို႔တြင္ တိုက္ရိုက္ ေတြ႕နိုင္သလို၊ တခါတရံ အျခား ဘာသာရပ္မ်ားသို႔ ျပန႔္ႏွံ့ရာတြင္ သခၤ်ာ ႏွင့္ ဖီလိုဆိုဖီ တို႔တြင္ပါ ျပန႔္ႏွံ့သြားတက္သည္။ ဥပမာအားျဖင့္ လၽွပ္စစ္သံလိုက္ နားလည္တိုးတက္မွုတြင္ ႐ုပ္ျမင္သံၾကား၊ ကြန္ပ်ဴတာ၊ စသည့္ ပစၥည္း ကိရိယာ မ်ား ေပၚထြက္လာခဲ့သလို သာမိုဒိုင္းနမိုက္ တိုးတက္မွုတြင္ စက္ဆြဲယာဥ္မ်ား ေပၚထြက္လာခဲ့သလို မကၠင္းနစ္ နားလည္တိုးတက္မွုတြင္ ကဲကုလပ္ ႏွင့္ ကြန္တမ္ ဓာတု ေပၚထြန္းေစခဲ့ၿပီး အဏုဇီဝ တြင္ သုံးေသာ အီလက္ထရြန္ မိုက္ခရိုစကုပ္ ေပၚေပါက္ခဲ့သည္။

ယေန႔ေခတ္တြင္ ႐ူပေဗဒသည္ အလြန္က်ယ္ျပန႔္ၿပီး အဆင့္ျမင့္ေသာ ဘာသာရပ္ ျဖစ္ကာ လက္ေတြ႕က်က် ေလ့လာရာတြင္ ဂိုဏ္းကြဲ မ်ားစြာရွိသည္။ ထို႔အျပင္ သေဘာအားျဖင့္ ႐ူပေဗဒကို သီအိုရီ ႏွင့္ လက္ေတြ႕ ဟူ၍ ကြဲနိုင္သည္။ သီအိုရီ တြင္ သီအိုရီ အသစ္ရေရးႀကိဳးပမ္းၿပီး လက္ေတြ႕တြင္ သီအိုရီ အသစ္/အေဟာင္း တို႔ကို မွန္မမွန္ဆန္းစစ္သည္။ လြန္ခဲ့ေသာ ရာစုႏွစ္ ေလးခု ေလာက္ကတည္းက အလြန္ တိုးတက္လာခဲ့ေသာ္လည္း သဘာဝ ျဖစ္ရပ္မ်ားစြာကို အေျဖမေပးနိုင္ေသးပဲ ႐ူပေဗဒသည္ သြက္သြက္လက္လက္ လွုပ္ရွားလ်က္ ရွိသည္။