Search This Blog

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Saturday, August 22, 2015

စၾကာ၀ဠာဆိုင္ရာ စ်ာန္ပ်ံျခင္း နိယာမ (Cosmological Law of Levitation)

Scientific Buddhist
စၾကာ၀ဠာဆိုင္ရာ စ်ာန္ပ်ံျခင္း နိယာမ (Cosmological Law of Levitation)

စၾကာ၀ဠာဆိုင္ရာ စ်ာန္ပ်ံျခင္း နိယာမ (Cosmological Law of Levitation)
ဟိုတေလာက အေမရိကန္ႏိုင္ငံ Philadelphia တကၠသိုလ္က ကြမ္တမ္ဇီဝေဗဒပညာရွင္ (Quantum Biologist) တစ္ဦး ဟာ ရဟႏၱာမ်ား စ်ာန္ပံ်ပံု ကို Research လုပ္ပံုကို ေဖာ္ျပခဲ့ပါတယ္ ။ (ကၽြန္ေတာ္တို႔ စာမ်က္ႏွာတြင္ပင္ ဘာသာျပန္ကာေဖာ္ျပခဲ့ပါတယ္။) စိတ္မေကာင္းဖြယ္ရာပဲ အဲ့ ဒီ Research ဟာ အေထာက္အထား လံုေလာက္မွဳ မရွိလို႔ ပယ္ခ်ခံခဲ့ ရတယ္ဆိုျပီး ဆိုပါတယ္ ။ ဒါေပမဲ့သတင္းေကာင္းကေတာ့ အဲ့ ဒီ ကြမ္တမ္ဇီဝေဗဒပညာရွင္ ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ျဖစ္သူ တရုတ္ႏိုင္ငံသား ကြမ္တမ္စိတ္ပညာ ရွင္ ( Quantum Psychologist ) တစ္ဦး ျဖစ္တယ္ Dr. Lu Lien ကေနျပီးေတာ့ အဲ့ထက္ပိုေကာင္းတဲ့ Research ကို ရွာေဖြေတြ႔ရွိခဲ့တာ ခုဆို ကမၻာေက်ာ္ေတာ့မွာ ျဖစ္ပါတယ္ ။

နယူတန္ ရဲ႕ ျဒပ္ဆြဲအား နိယာမ ဆိုတာ ကို ၾကားဖူးၾကမယ္ လို႔ ထင္ပါတယ္ ။ Newton’s Gravitational Law လို႔ လူသိမ်ားပါတယ္ ။ ဒီ သီအိုရီမွာဆိုရင္ ျဒပ္ဆြဲအားစက္ကြင္း (Gravitational Fields) ေတြ ပါပါတယ္ ။ ဒီစက္ကြင္းေတြေၾကာင့္အရာတိုင္းဟာ ေအာက္ကို ျပဳတ္က်တာပါ ။ ဒါေပမဲ့ နယူတန္ၾကီး မသိခဲ့တာ ကေတာ့ Levitational Field လို႔ေခၚတဲ့ ေျမာက္တတ္အား စက္ကြင္း ေတြရွိေနေသးတာပဲျဖစ္ပါတယ္ ။ အဲ့ဒီ ေျမာက္တက္အား စက္ကြင္း ကိုလူေတြ မသိခဲ့တာဟာ တကယ္ေတာ့ သူတို႔ အသံုးမခ်ႏိုင္လို႕ပါတဲ့ ။ ဦးေႏွာက္က ထုတ္လႊတ္တဲ့ စြမ္းအင္လွိဳင္း ေတြရွိမွ သာ အဲ့စက္ကြင္း ကိုအသံုးခ်ႏိုင္ပါတယ္ ။ စြမ္းအင္လွိဳင္း ေတြကို ေသခ်ာ တရားက်င့္ၾကံထားတဲ့ ရဟႏၱာေတြမွသာ အသံုးခ်ႏိုင္ပါတယ္ ။ တည္ျငိမ္တဲ့ စိတ္နဲ႔ ထုတ္လႊတ္မွ အဲ့ဒီ စြမ္းအင္လွိဳင္းထြက္တာပါ ။ အဲ့ဒီစက္ကြင္းေတြတည္ရွိေၾကာင္း ကို လြန္ခဲ့တဲ့ တစ္လ Boston မွာ ျပဳလုပ္တဲ့ World Scientific Buddhism Conference (WSBC) မွာ Dr. Lu Lien က တင္ျပခဲ့ျပီး မေန႔ က ပဲ Scientific Researches on Buddhism (SRB) အဖြဲ႕ၾကီးက အတည္ျပဳခဲ့ပါတယ္ ။ သမိုင္းမွာဆို နယူတန္ နဲ႔အျပိဳင္ၾကီးမားတဲ့ ရွာေဖြေတြ႔ရွိခ်က္ပါပဲ ။

ဒီထက္ပိုျပီး ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳး ၊ ဗုဒၶဘာသာေတြအတြက္ ဂုဏ္ယူစရာေကာင္းတာကေတာ့ အဲ့ဒီ စက္ကြင္းထြက္ရွိတဲ့ ေနရာ (source) ဟာ ကၽြန္ေတာ္တို႔ ႏိုင္ငံရဲ႕ အထင္ကရ ေနရာတစ္ခုျဖစ္တဲ့ က်ိဳက္ထီးရိုးေစတီေတာ္ ရဲ႕ ေအာက္တည့္တည့္မွာပင္ျဖစ္ပါတယ္ ။ ဒါေၾကာင့္လဲ ႏွစ္ေပါင္းမ်ားစြာ ဘယ္သူမွ မေျဖရွင္းေပးႏိုင္ခဲ့တဲ့ ဘာလို႔ က်ိဳက္ထီးရိုးေစတီေတာ္ ဟာ ေျမျပင္မွ ေျမာက္တတ္ေနလဲဆိုတာရဲ႕ အေျဖကို သိရွိလိုက္ပီ ပဲ ျဖစ္ပါတယ္ ။ (စက္ကြင္းအရင္းအျမစ္ တည့္တည့္မွာ ရွိတာရယ္ ၊ ေက်ာက္တံုးမွာ သိၾကားမင္း ကိုယ္တိုင္ လူ႔ျပည္ဆင္း ကာ ဗုဒၶါဏ ရေသ့ၾကီး ၏ ဦးေခါင္းႏွင့္တူေအာင္ ရွာထားတဲ့ေက်ာက္တံုးျဖစ္တာ ရယ္တို႔ ေၾကာင့္ ထိုေက်ာက္တံုးမွာ လြင့္ေျမာက္ေနျခင္းျဖစ္ရပါသည္။ ) SRB အဖြဲ႕ၾကီးမွ Dr. Lu Lien က ဦးေဆာင္ျပီး က်ိဳက္ထီးရိုး ရင္ျပင္ေတာ္ တစ္လွ်ာက္မွာ သံုးလတိိတိေန႔မအိပ္ ညမနား လက္ေတြ႔စမ္းသပ္ခဲ့တဲ့ စမ္းသပ္ခ်က္ေတြနဲ႔လဲ ကိုက္ညီေနပါေတာ့တယ္ ။

“ဒီေတြ႔ရွိခ်က္ဟာ အင္မတန္ ခိုင္မာလွပါတယ္ ။ မၾကာခင္မွာ အေမရိကန္ႏိုင္ငံရဲ႕ သင္ရိုးေတြမွာ Universal Law of Gravitation နဲ႔တြဲျပီး Cosmological Law of Levitation ကိုတြဲသင္ေတာ့မွာပါ ။’’ ဟုတ္ Dr. Lu Lien မွ Musāvādā Daily သတင္းဂ်ာနယ္ ကိုေျပာၾကားခဲ့ပါတယ္။ ထို႔ေနာက္သူကပင္ျပံဳးကာ “ေခတ္သစ္သိပၸံကေတြ႔ရွိထားတာေတြဆိုတာ ဗုဒၶဘာသာနဲ႔ ယွဥ္ရင္ ကေလးသာသာ ေလာက္ပဲရွိျပီး သနားဖုိ႔ေတာင္ေကာင္းပါေသးတယ္” ဟုေျပာၾကားခဲ့သည္။ အန ုျမဴထက္အဆမ်ားစြာ ေသးတဲ့ ပရမာဏုျမဴ ၊ ဗုဒၶသြားေရာက္တရားေဟာခဲ့ေသာ တျခားစၾက၀ဠာ အစရွိတာေတြကို ေသခ်ာစြာ စူးစိုက္ရွာေဖြ လုပ္ေဆာင္ေတာ့မွာျဖစ္ေၾကာင္း ၊ ေခတ္သစ္သိပၸံကို ဗုဒၶဘာသာထက္ တစ္ခ်ိန္က ပိုအထင္ၾကီးမိခဲ့ျခင္းအတြက္ မိမိ ဝမ္းနည္းပလက္ ျဖစ္မိရေၾကာင္း ၊ ယခုျဖင့္လမ္းမွန္သို႔ေရာက္လာျပိီျဖစ္ေၾကာင္း မ်ားကို မ်က္ရည္စို႔ရသည့္ၾကားမွ ျပံဳးျပကာေျပာသြားေၾကာင္း Musāvādā Daily မွ သတင္းထုတ္ျပန္ရရွိလို္က္ပါတယ္ ။
Ref : Musāvādā Daily Journal , August 2015 Anniversary Issue. Pg – 969.

Unicode Version:
Scientific Buddhist
စကြာဝဠာဆိုင်ရာ စျာန်ပျံခြင်း နိယာမ (Cosmological Law of Levitation)

စကြာဝဠာဆိုင်ရာ စျာန်ပျံခြင်း နိယာမ (Cosmological Law of Levitation)
ဟိုတလောက အမေရိကန်နိုင်ငံ Philadelphia တက္ကသိုလ်က ကွမ်တမ်ဇီဝဗေဒပညာရှင် (Quantum Biologist) တစ်ဦး ဟာ ရဟန္တာများ စျာန်ပျံပုံ ကို Research လုပ်ပုံကို ဖော်ပြခဲ့ပါတယ် ။ (ကျွန်တော်တို့ စာမျက်နှာတွင်ပင် ဘာသာပြန်ကာဖော်ပြခဲ့ပါတယ်။) စိတ်မကောင်းဖွယ်ရာပဲ အဲ့ ဒီ Research ဟာ အထောက်အထား လုံလောက်မှု မရှိလို့ ပယ်ချခံခဲ့ ရတယ်ဆိုပြီး ဆိုပါတယ် ။ ဒါပေမဲ့သတင်းကောင်းကတော့ အဲ့ ဒီ ကွမ်တမ်ဇီဝဗေဒပညာရှင် ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ တရုတ်နိုင်ငံသား ကွမ်တမ်စိတ်ပညာ ရှင် ( Quantum Psychologist ) တစ်ဦး ဖြစ်တယ် Dr. Lu Lien ကနေပြီးတော့ အဲ့ထက်ပိုကောင်းတဲ့ Research ကို ရှာဖွေတွေ့ရှိခဲ့တာ ခုဆို ကမ္ဘာကျော်တော့မှာ ဖြစ်ပါတယ် ။

နယူတန် ရဲ့ ဒြပ်ဆွဲအား နိယာမ ဆိုတာ ကို ကြားဖူးကြမယ် လို့ ထင်ပါတယ် ။ Newton’s Gravitational Law လို့ လူသိများပါတယ် ။ ဒီ သီအိုရီမှာဆိုရင် ဒြပ်ဆွဲအားစက်ကွင်း (Gravitational Fields) တွေ ပါပါတယ် ။ ဒီစက်ကွင်းတွေကြောင့်အရာတိုင်းဟာ အောက်ကို ပြုတ်ကျတာပါ ။ ဒါပေမဲ့ နယူတန်ကြီး မသိခဲ့တာ ကတော့ Levitational Field လို့ခေါ်တဲ့ မြောက်တတ်အား စက်ကွင်း တွေရှိနေသေးတာပဲဖြစ်ပါတယ် ။ အဲ့ဒီ မြောက်တက်အား စက်ကွင်း ကိုလူတွေ မသိခဲ့တာဟာ တကယ်တော့ သူတို့ အသုံးမချနိုင်လို့ပါတဲ့ ။ ဦးနှောက်က ထုတ်လွှတ်တဲ့ စွမ်းအင်လှိုင်း တွေရှိမှ သာ အဲ့စက်ကွင်း ကိုအသုံးချနိုင်ပါတယ် ။ စွမ်းအင်လှိုင်း တွေကို သေချာ တရားကျင့်ကြံထားတဲ့ ရဟန္တာတွေမှသာ အသုံးချနိုင်ပါတယ် ။ တည်ငြိမ်တဲ့ စိတ်နဲ့ ထုတ်လွှတ်မှ အဲ့ဒီ စွမ်းအင်လှိုင်းထွက်တာပါ ။ အဲ့ဒီစက်ကွင်းတွေတည်ရှိကြောင်း ကို လွန်ခဲ့တဲ့ တစ်လ Boston မှာ ပြုလုပ်တဲ့ World Scientific Buddhism Conference (WSBC) မှာ Dr. Lu Lien က တင်ပြခဲ့ပြီး မနေ့ က ပဲ Scientific Researches on Buddhism (SRB) အဖွဲ့ကြီးက အတည်ပြုခဲ့ပါတယ် ။ သမိုင်းမှာဆို နယူတန် နဲ့အပြိုင်ကြီးမားတဲ့ ရှာဖွေတွေ့ရှိချက်ပါပဲ ။

ဒီထက်ပိုပြီး ကျွန်တော်တို့ မြန်မာလူမျိုး ၊ ဗုဒ္ဓဘာသာတွေအတွက် ဂုဏ်ယူစရာကောင်းတာကတော့ အဲ့ဒီ စက်ကွင်းထွက်ရှိတဲ့ နေရာ (source) ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ကျိုက်ထီးရိုးစေတီတော် ရဲ့ အောက်တည့်တည့်မှာပင်ဖြစ်ပါတယ် ။ ဒါကြောင့်လဲ နှစ်ပေါင်းများစွာ ဘယ်သူမှ မဖြေရှင်းပေးနိုင်ခဲ့တဲ့ ဘာလို့ ကျိုက်ထီးရိုးစေတီတော် ဟာ မြေပြင်မှ မြောက်တတ်နေလဲဆိုတာရဲ့ အဖြေကို သိရှိလိုက်ပီ ပဲ ဖြစ်ပါတယ် ။ (စက်ကွင်းအရင်းအမြစ် တည့်တည့်မှာ ရှိတာရယ် ၊ ကျောက်တုံးမှာ သိကြားမင်း ကိုယ်တိုင် လူ့ပြည်ဆင်း ကာ ဗုဒ္ဓါဏ ရသေ့ကြီး ၏ ဦးခေါင်းနှင့်တူအောင် ရှာထားတဲ့ကျောက်တုံးဖြစ်တာ ရယ်တို့ ကြောင့် ထိုကျောက်တုံးမှာ လွင့်မြောက်နေခြင်းဖြစ်ရပါသည်။ ) SRB အဖွဲ့ကြီးမှ Dr. Lu Lien က ဦးဆောင်ပြီး ကျိုက်ထီးရိုး ရင်ပြင်တော် တစ်လျှာက်မှာ သုံးလတိိတိနေ့မအိပ် ညမနား လက်တွေ့စမ်းသပ်ခဲ့တဲ့ စမ်းသပ်ချက်တွေနဲ့လဲ ကိုက်ညီနေပါတော့တယ် ။

“ဒီတွေ့ရှိချက်ဟာ အင်မတန် ခိုင်မာလှပါတယ် ။ မကြာခင်မှာ အမေရိကန်နိုင်ငံရဲ့ သင်ရိုးတွေမှာ Universal Law of Gravitation နဲ့တွဲပြီး Cosmological Law of Levitation ကိုတွဲသင်တော့မှာပါ ။’’ ဟုတ် Dr. Lu Lien မှ Musāvādā Daily သတင်းဂျာနယ် ကိုပြောကြားခဲ့ပါတယ်။ ထို့နောက်သူကပင်ပြုံးကာ “ခေတ်သစ်သိပ္ပံကတွေ့ရှိထားတာတွေဆိုတာ ဗုဒ္ဓဘာသာနဲ့ ယှဉ်ရင် ကလေးသာသာ လောက်ပဲရှိပြီး သနားဖို့တောင်ကောင်းပါသေးတယ်” ဟုပြောကြားခဲ့သည်။ အန ုမြူထက်အဆများစွာ သေးတဲ့ ပရမာဏုမြူ ၊ ဗုဒ္ဓသွားရောက်တရားဟောခဲ့သော တခြားစကြဝဠာ အစရှိတာတွေကို သေချာစွာ စူးစိုက်ရှာဖွေ လုပ်ဆောင်တော့မှာဖြစ်ကြောင်း ၊ ခေတ်သစ်သိပ္ပံကို ဗုဒ္ဓဘာသာထက် တစ်ချိန်က ပိုအထင်ကြီးမိခဲ့ခြင်းအတွက် မိမိ ဝမ်းနည်းပလက် ဖြစ်မိရကြောင်း ၊ ယခုဖြင့်လမ်းမှန်သို့ရောက်လာပြိီဖြစ်ကြောင်း များကို မျက်ရည်စို့ရသည့်ကြားမှ ပြံုးပြကာပြောသွားကြောင်း Musāvādā Daily မှ သတင်းထုတ်ပြန်ရရှိလို်က်ပါတယ် ။
Ref : Musāvādā Daily Journal , August 2015 Anniversary Issue. Pg – 969.

Wednesday, June 17, 2015

Power Wall

Tesla motor ရဲ႕ power wall အၾကာင္း
လၽွပ္စစ္ ကားကုမၸဏီ Tesla ကအိမ္သုံး ဘက္ထရီတစ္မ်ိဳးကုိ ဧၿပီ ၃၀ ကမိတ္ဆက္ျပသခဲ့ၿပီး
ယင္း ဘက္ထရီ သည္ကမၻာ၏ စြမ္းအင္အေျခခံ အေဆာက္အအုံ တစ္ခုလုံးကုိ ေျပာင္းလဲေစမည္
ျဖစ္ေၾကာင္း Tesla ကုိတည္ေထာင္သူ အီလန္မက္စ္က ေျပာၾကားခဲ့သည္။
ဆုိလာျပားမ်ားမွ စြမ္းအင္ႏွင့္ ပင္မဓာတ္အားလုိင္းမွလၽွပ္စစ္ စြမ္းအင္ကုိ သုိေလာင္ ႏုိင္ေသာ Tesla Power wall ဘက္ထရီသည္ ညအခ်ိန္တြင္ ေစ်းႏႈန္းခ်ဳိသာေသာ လၽွပ္စစ္ စြမ္းအင္ကုိ ျပန္လည္ထုတ္ေပးႏုိင္ၿပီး လၽွပ္စစ္ ဓာတ္အားျပတ္ေတာက္ခ်ိန္တြင္ အရံအျဖစ္သုံးစြဲႏုိင္မည္ ျဖစ္သည္။
ေျခာက္လက္မ အထူရွိၿပီး အျမင့္ေလးလက္မ၊ အက်ယ္ သုံးလက္မရွိေသာ ယင္းဘက္ထရီ သည္ ဂုိေဒါင္နံရံ သုိ႔မဟုတ္ အိမ္နံရံ တြင္ တပ္ဆင္ႏုိင္ၿပီးပုံမွန္ ဓာတ္အားလုိင္းႏွင့္ အျပည့္အဝ အမွီခုိကင္းေသာဆုိလာစြမ္းအင္ သုံးအိမ္မ်ားကုိ ဖန္တီးႏုိင္ေစမည္ျဖစ္သည္။
Power Wall ဘက္ထရီကုိအေမရိကန္ ေဒၚလာ၃၅၀၀ ျဖင့္ေရာင္းခ် သြားမည္ ျဖစ္သည္။ 
ကမ႓ာေပၚတြင္ ဆုိလာစြမ္းအင္ ကုိ အမ်ားဆုံး သုံးစြဲသည့္ ႏုိင္ငံ တစ္ႏုိင္ငံျဖစ္ေသာ ဂ်ာမနီသည္ Power Wall ဘက္ထရီအတြက္ အဓိက ေစ်းကြက္တစ္ခု ျဖစ္လာႏုိင္ေၾကာင္း အီလန္မက္စ္က ေျပာၾကားခဲ့ သည္။
Power Wall ဘက္ထရီ သည္ ၁၀ ကီလုိဝပ္နာရီေမာ္ဒယ္ ႏွင့္ ၇ ကီလုိဝပ္နာရီ ဟူ၍ ႏွစ္မ်ဳိးရရွိႏုိင္
မည္ျဖစ္ၿပီး ၁၀ ႏွစ္အာမခံ ေပးမည္ျဖစ္ေၾကာင္းTesla ကေၾကညာထားသည္။
Power Wall ဘက္ထရီကုိ တစ္နာရီ အတြင္း တပ္ဆင္ႏုိင္ၿပီး အလုပ္သမားကုန္က်စရိတ္ ကုိသက္သာ ေစရန္ ဖန္တီးထား ေၾကာင္း တစ္ကမၻာလုံး ၏စြမ္းအင္ လုိအပ္ ခ်က္ကုိ ျဖည့္ဆည္းႏုိင္ ရန္အတြက္ Power wall
ဘက္ထရီ ႏွစ္ဘီ လ်ံခန္႔ထုတ္လုပ္ရန္ လုိအပ္မည္ျဖစ္ေၾကာင္း သိရသည္။



Unicode Version :

လျှပ်စစ် ကားကုမ္ပဏီ Tesla ကအိမ်သုံး ဘက်ထရီတစ်မျိုးကို ဧပြီ ၃၀ ကမိတ်ဆက်ပြသခဲ့ပြီး
ယင်း ဘက်ထရီ သည်ကမ္ဘာ၏ စွမ်းအင်အခြေခံ အဆောက်အအုံ တစ်ခုလုံးကို ပြောင်းလဲစေမည်
ဖြစ်ကြောင်း Tesla ကိုတည်ထောင်သူ အီလန်မက်စ်
က ပြောကြားခဲ့သည်။
ဆိုလာပြားများမှ စွမ်းအင်နှင့် ပင်မဓာတ်အားလိုင်းမှ
လျှပ်စစ် စွမ်းအင်ကို သိုလောင် နိုင်သော Tesla Power wall ဘက်ထရီသည် ညအချိန်တွင် စျေးနှုန်းချိုသာသော လျှပ်စစ် စွမ်းအင်ကို ပြန်လည်ထုတ်ပေးနိုင်ပြီး လျှပ်စစ် ဓာတ်အားပြတ်တောက်ချိန်တွင် အရံအဖြစ်
သုံးစွဲနိုင်မည် ဖြစ်သည်။
ခြောက်လက်မ အထူရှိပြီး အမြင့်လေးလက်မ၊ အကျယ် သုံးလက်မရှိသော ယင်းဘက်ထရီ သည် ဂိုဒေါင်နံရံ သို့မဟုတ် အိမ်နံရံ တွင် တပ်ဆင်နိုင်ပြီး
ပုံမှန် ဓာတ်အားလိုင်းနှင့် အပြည့်အဝ အမှီခိုကင်းသော
ဆိုလာစွမ်းအင် သုံးအိမ်များကို ဖန်တီးနိုင်စေမည်
ဖြစ်သည်။
Power Wall ဘက်ထရီကိုအမေရိကန် ဒေါ်လာ
၃၅၀၀ ဖြင့်ရောင်းချ သွားမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆိုလာစွမ်းအင် ကို အများဆုံး သုံးစွဲသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သော ဂျာမနီသည် Power Wall ဘက်ထရီအတွက် အဓိက စျေးကွက်
တစ်ခု ဖြစ်လာနိုင်ကြောင်း အီလန်မက်စ်က ပြောကြားခဲ့ သည်။
Power Wall ဘက်ထရီ သည် ၁၀ ကီလိုဝပ်နာရီ
မော်ဒယ် နှင့် ၇ ကီလိုဝပ်နာရီ ဟူ၍ နှစ်မျိုးရရှိနိုင်
မည်ဖြစ်ပြီး ၁၀ နှစ်အာမခံ ပေးမည်ဖြစ်ကြောင်း
Tesla ကကြေညာထားသည်။
Power Wall ဘက်ထရီကို တစ်နာရီ အတွင်း တပ်ဆင်နိုင်ပြီး အလုပ်သမားကုန်ကျစရိတ် ကိုသက်သာ စေရန် ဖန်တီးထား ကြောင်း တစ်ကမ္ဘာလုံး ၏စွမ်းအင် လိုအပ် ချက်ကို ဖြည့်ဆည်းနိုင် ရန်အတွက် Power wall
ဘက်ထရီ နှစ်ဘီ လျံခန့်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Wednesday, April 8, 2015

News

လာမည့္လတြင္ ေနသည္ ျမန္မာႏိုင္ငံ၏အေပၚ တည့္တည့္ကို ေရာက္ရွိလာမည္ျဖစ္ျခင္းေၾကာင့္ အပူခ်ိန္ႏွင့္ ခရမ္းလြန္ေရာင္ျခည္ အၫႊန္းကိန္းမ်ားမွာ ဆက္လက္ျမင့္မားေနမည္ဟုဆို
=============================================
ရန္ကုန္၊ မတ္ ၁၉
လာမည့္လတြင္ ေနသည္ ျမန္မာႏိုင္ငံ၏အေပၚတည့္ တည့္ကို ေရာက္ရွိလာမည္ျဖစ္ျခင္း ေၾကာင့္ အပူခ်ိန္ႏွင့္ ခရမ္းလြန္ေရာင္ ျခည္အၫႊန္းကိန္းမ်ားမွာ ဆက္လက္ ျမင့္မားေနဦးမည္ျဖစ္ေၾကာင္း မိုးေလ ဝသႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္ တာထြန္းလြင္ထံမွ သိရသည္။
လက္ရွိတြင္ ေနသည္ ေျမာက္ ယဥ္စြန္းတန္း ( 22. 5 H N ) ကို ဦး တည္ေရြ႕လ်ားေနၿပီး၊ လာမည့္မတ္ ၂၁ရက္ခန္႔တြင္ ျမန္မာႏိုင္ငံအေပၚ ကို ေရာက္ရွိလာႏိုင္ၿပီး၊ အေနာက္ ေတာင္ဘက္ကို ျပန္ဆင္းလာကာ လာမည့္ လအတြင္း ျမန္မာႏိုင္ငံအ တြင္း ဦးေခါင္းေပၚတည့္တည့္မွာရွိ ေနႏိုင္ျခင္းေၾကာင့္ ခရမ္းလြန္ေရာင္ ျခည္မ်ားမွာ ဆက္လက္ျမင့္မားေန မည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္သည္ ျမန္မာႏိုင္ငံ၏ ေႏြရာသီျဖစ္ျခင္း ေၾကာင့္ အပူခ်ိန္လြန္ကဲေနသည့္အ ျပင္ အယ္နီညိဳရာသီဥတုႏွစ္ျဖစ္ျခင္း ေၾကာင့္လည္း အပူခ်ိန္ျမင့္မားေနမႈ ဒဏ္ကုိ ျပည္သူမ်ားခံစားေနရေသည္။
''အယ္နီညိဳရာသီကိုလဲ ဇြန္လ ထိခံစားရမယ္။ ၿပီးေတာ့ ခရမ္းလြန္ ေရာင္ျခည္ ကိုလဲ ဇြန္လထိ ခံစားေန ရဦးမယ္။ ဒီေႏြက ပူျပင္းရတဲ့အထဲ အယ္လ္နီညိဳ ကလဲျဖစ္ေတာ့ တစ္ပူ ေပၚ တစ္ပူဆင့္တာေပါ့။ မိုးရာသီ ဘက္ကို ေရာက္လာရင္ေတာ့ ေလ်ာ့ သြားမွာေပါ့''ဟု ေဒါက္တာထြန္း လြင္က ေျပာသည္။
ခရမ္းလြန္ေရာင္ျခည္အၫႊန္း ကိန္း လြန္ကဲအဆင့္ေရာက္ရွိေန ေသာေဒသမွာ ေကာ့ေသာင္းျဖစ္ၿပီး၊ က်န္တိုင္းႏွင့္ ျပည္နယ္မ်ားတြင္လည္း အလြန္ျမင့္မားေသာ အဆင့္ကို ေရာက္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
ယခုႏွစ္ေႏြရာသီသည္ အပူခ်ိန္ ႏွင့္ ခရမ္းလြန္ေရာင္ျခည္မ်ား ျမင့္ မားေနၿပီး၊ အပူဒဏ္ေလးမ်ိဳးျဖစ္ေသာ အပူခ်ိန္ျမင့္မားလြန္းျခင္း၊ ေလထဲ ေရေငြ႕ပါၿပီး တိမ္ျဖစ္ေပမယ့္ မိုးမရြာ ျခင္းေၾကာင့္ ခံစားရသည့္ အပူခ်ိန္ ျမင့္ျခင္း၊ အပူခ်ိန္ အေတာ္အတန္ သာျမင့္ေပမယ့္ ကိုယ္ခႏၶာေပၚတြင္ အပူဒဏ္မ်ားလာျခင္း၊ ပတ္ဝန္းက်င္ ယိုယြင္းျခင္းေၾကာင့္ ကမၻာေျမျပင္ေပၚ သို႔ ခရမ္းလြန္ေရာင္ျခည္ အမ်ိဳးအစား ပမာဏတိုးလာ၍ အပူဒဏ္ပိုခံစား ရျခင္းတို႔ကိုျဖစ္ေစျခင္းေၾကာင့္ အပူ ဒဏ္ေၾကာင့္ျဖစ္ေစေသာ က်န္းမာ ေရးျပႆနာမ်ားကို အထူးဂ႐ုျပဳေန ထိုင္သင့္ေၾကာင္း သိရသည္။
MMA
- ဒီမိုကေရစီတူေဒး သတင္းစာမွ ကူးယူေဖာ္ျပပါသည္။
|─────----------------Yangon Media Group ----------
Unicode Version:
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ် တည့်တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်းကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ဆက်လက်မြင့်မားနေမည်ဟုဆို
=============================================
ရန်ကုန်၊ မတ် ၁၉
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ်တည့် တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်း ကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင် ခြည်အညွှန်းကိန်းများမှာ ဆက်လက် မြင့်မားနေဦးမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက် တာထွန်းလွင်ထံမှ သိရသည်။
လက်ရှိတွင် နေသည် မြောက် ယဉ်စွန်းတန်း ( 22. 5 H N ) ကို ဦး တည်ရွေ့လျားနေပြီး၊ လာမည့်မတ် ၂၁ရက်ခန့်တွင် မြန်မာနိုင်ငံအပေါ် ကို ရောက်ရှိလာနိုင်ပြီး၊ အနောက် တောင်ဘက်ကို ပြန်ဆင်းလာကာ လာမည့် လအတွင်း မြန်မာနိုင်ငံအ တွင်း ဦးခေါင်းပေါ်တည့်တည့်မှာရှိ နေနိုင်ခြင်းကြောင့် ခရမ်းလွန်ရောင် ခြည်များမှာ ဆက်လက်မြင့်မားနေ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ နွေရာသီဖြစ်ခြင်း ကြောင့် အပူချိန်လွန်ကဲနေသည့်အ ပြင် အယ်နီညိုရာသီဥတုနှစ်ဖြစ်ခြင်း ကြောင့်လည်း အပူချိန်မြင့်မားနေမှု ဒဏ်ကို ပြည်သူများခံစားနေရသေည်။
''အယ်နီညိုရာသီကိုလဲ ဇွန်လ ထိခံစားရမယ်။ ပြီးတော့ ခရမ်းလွန် ရောင်ခြည် ကိုလဲ ဇွန်လထိ ခံစားနေ ရဦးမယ်။ ဒီနွေက ပူပြင်းရတဲ့အထဲ အယ်လ်နီညို ကလဲဖြစ်တော့ တစ်ပူ ပေါ် တစ်ပူဆင့်တာပေါ့။ မိုးရာသီ ဘက်ကို ရောက်လာရင်တော့ လျော့ သွားမှာပေါ့''ဟု ဒေါက်တာထွန်း လွင်က ပြောသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်း လွန်ကဲအဆင့်ရောက်ရှိနေ သောဒေသမှာ ကော့သောင်းဖြစ်ပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း အလွန်မြင့်မားသော အဆင့်ကို ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်နွေရာသီသည် အပူချိန် နှင့် ခရမ်းလွန်ရောင်ခြည်များ မြင့် မားနေပြီး၊ အပူဒဏ်လေးမျိုးဖြစ်သော အပူချိန်မြင့်မားလွန်းခြင်း၊ လေထဲ ရေငွေ့ပါပြီး တိမ်ဖြစ်ပေမယ့် မိုးမရွာ ခြင်းကြောင့် ခံစားရသည့် အပူချိန် မြင့်ခြင်း၊ အပူချိန် အတော်အတန် သာမြင့်ပေမယ့် ကိုယ်ခန္ဓာပေါ်တွင် အပူဒဏ်များလာခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းခြင်းကြောင့် ကမ္ဘာမြေပြင်ပေါ် သို့ ခရမ်းလွန်ရောင်ခြည် အမျိုးအစား ပမာဏတိုးလာ၍ အပူဒဏ်ပိုခံစား ရခြင်းတို့ကိုဖြစ်စေခြင်းကြောင့် အပူ ဒဏ်ကြောင့်ဖြစ်စေသော ကျန်းမာ ရေးပြဿနာများကို အထူးဂရုပြုနေ ထိုင်သင့်ကြောင်း သိရသည်။
MMA
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Sunday, December 7, 2014

Introduction


သိပၸံ ဘာသာရပ္ မ်ားအနက္ ရူပေဗဒ ဘာသာရပ္သည္ အေျခခံအက်ဆုံး ၊ အျခား သိပၸံဘာသာရပ္မ်ားကုိ အေထာက္အကူျပဳဆုံး၊ ေတြးေခၚမူကုိ အရင့္ က်က္ေစဆုံးေသာ ဘာသာရပ္ျဖစ္သည္။




Unicode Version :
သိပ္ပံ ဘာသာရပ် များအနက် ရူပဗေဒ ဘာသာရပ်သည် အခြေခံအကျဆုံး ၊ အခြား သိပ္ပံဘာသာရပ်များကို အထောက်အကူပြုဆုံး၊ တွေးခေါ်မူကို အရင့် ကျက်စေဆုံးသော ဘာသာရပ်ဖြစ်သည်။