Search This Blog

Wednesday, April 8, 2015

News

လာမည့္လတြင္ ေနသည္ ျမန္မာႏိုင္ငံ၏အေပၚ တည့္တည့္ကို ေရာက္ရွိလာမည္ျဖစ္ျခင္းေၾကာင့္ အပူခ်ိန္ႏွင့္ ခရမ္းလြန္ေရာင္ျခည္ အၫႊန္းကိန္းမ်ားမွာ ဆက္လက္ျမင့္မားေနမည္ဟုဆို
=============================================
ရန္ကုန္၊ မတ္ ၁၉
လာမည့္လတြင္ ေနသည္ ျမန္မာႏိုင္ငံ၏အေပၚတည့္ တည့္ကို ေရာက္ရွိလာမည္ျဖစ္ျခင္း ေၾကာင့္ အပူခ်ိန္ႏွင့္ ခရမ္းလြန္ေရာင္ ျခည္အၫႊန္းကိန္းမ်ားမွာ ဆက္လက္ ျမင့္မားေနဦးမည္ျဖစ္ေၾကာင္း မိုးေလ ဝသႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္ တာထြန္းလြင္ထံမွ သိရသည္။
လက္ရွိတြင္ ေနသည္ ေျမာက္ ယဥ္စြန္းတန္း ( 22. 5 H N ) ကို ဦး တည္ေရြ႕လ်ားေနၿပီး၊ လာမည့္မတ္ ၂၁ရက္ခန္႔တြင္ ျမန္မာႏိုင္ငံအေပၚ ကို ေရာက္ရွိလာႏိုင္ၿပီး၊ အေနာက္ ေတာင္ဘက္ကို ျပန္ဆင္းလာကာ လာမည့္ လအတြင္း ျမန္မာႏိုင္ငံအ တြင္း ဦးေခါင္းေပၚတည့္တည့္မွာရွိ ေနႏိုင္ျခင္းေၾကာင့္ ခရမ္းလြန္ေရာင္ ျခည္မ်ားမွာ ဆက္လက္ျမင့္မားေန မည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္သည္ ျမန္မာႏိုင္ငံ၏ ေႏြရာသီျဖစ္ျခင္း ေၾကာင့္ အပူခ်ိန္လြန္ကဲေနသည့္အ ျပင္ အယ္နီညိဳရာသီဥတုႏွစ္ျဖစ္ျခင္း ေၾကာင့္လည္း အပူခ်ိန္ျမင့္မားေနမႈ ဒဏ္ကုိ ျပည္သူမ်ားခံစားေနရေသည္။
''အယ္နီညိဳရာသီကိုလဲ ဇြန္လ ထိခံစားရမယ္။ ၿပီးေတာ့ ခရမ္းလြန္ ေရာင္ျခည္ ကိုလဲ ဇြန္လထိ ခံစားေန ရဦးမယ္။ ဒီေႏြက ပူျပင္းရတဲ့အထဲ အယ္လ္နီညိဳ ကလဲျဖစ္ေတာ့ တစ္ပူ ေပၚ တစ္ပူဆင့္တာေပါ့။ မိုးရာသီ ဘက္ကို ေရာက္လာရင္ေတာ့ ေလ်ာ့ သြားမွာေပါ့''ဟု ေဒါက္တာထြန္း လြင္က ေျပာသည္။
ခရမ္းလြန္ေရာင္ျခည္အၫႊန္း ကိန္း လြန္ကဲအဆင့္ေရာက္ရွိေန ေသာေဒသမွာ ေကာ့ေသာင္းျဖစ္ၿပီး၊ က်န္တိုင္းႏွင့္ ျပည္နယ္မ်ားတြင္လည္း အလြန္ျမင့္မားေသာ အဆင့္ကို ေရာက္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
ယခုႏွစ္ေႏြရာသီသည္ အပူခ်ိန္ ႏွင့္ ခရမ္းလြန္ေရာင္ျခည္မ်ား ျမင့္ မားေနၿပီး၊ အပူဒဏ္ေလးမ်ိဳးျဖစ္ေသာ အပူခ်ိန္ျမင့္မားလြန္းျခင္း၊ ေလထဲ ေရေငြ႕ပါၿပီး တိမ္ျဖစ္ေပမယ့္ မိုးမရြာ ျခင္းေၾကာင့္ ခံစားရသည့္ အပူခ်ိန္ ျမင့္ျခင္း၊ အပူခ်ိန္ အေတာ္အတန္ သာျမင့္ေပမယ့္ ကိုယ္ခႏၶာေပၚတြင္ အပူဒဏ္မ်ားလာျခင္း၊ ပတ္ဝန္းက်င္ ယိုယြင္းျခင္းေၾကာင့္ ကမၻာေျမျပင္ေပၚ သို႔ ခရမ္းလြန္ေရာင္ျခည္ အမ်ိဳးအစား ပမာဏတိုးလာ၍ အပူဒဏ္ပိုခံစား ရျခင္းတို႔ကိုျဖစ္ေစျခင္းေၾကာင့္ အပူ ဒဏ္ေၾကာင့္ျဖစ္ေစေသာ က်န္းမာ ေရးျပႆနာမ်ားကို အထူးဂ႐ုျပဳေန ထိုင္သင့္ေၾကာင္း သိရသည္။
MMA
- ဒီမိုကေရစီတူေဒး သတင္းစာမွ ကူးယူေဖာ္ျပပါသည္။
|─────----------------Yangon Media Group ----------
Unicode Version:
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ် တည့်တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်းကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ဆက်လက်မြင့်မားနေမည်ဟုဆို
=============================================
ရန်ကုန်၊ မတ် ၁၉
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ်တည့် တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်း ကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင် ခြည်အညွှန်းကိန်းများမှာ ဆက်လက် မြင့်မားနေဦးမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက် တာထွန်းလွင်ထံမှ သိရသည်။
လက်ရှိတွင် နေသည် မြောက် ယဉ်စွန်းတန်း ( 22. 5 H N ) ကို ဦး တည်ရွေ့လျားနေပြီး၊ လာမည့်မတ် ၂၁ရက်ခန့်တွင် မြန်မာနိုင်ငံအပေါ် ကို ရောက်ရှိလာနိုင်ပြီး၊ အနောက် တောင်ဘက်ကို ပြန်ဆင်းလာကာ လာမည့် လအတွင်း မြန်မာနိုင်ငံအ တွင်း ဦးခေါင်းပေါ်တည့်တည့်မှာရှိ နေနိုင်ခြင်းကြောင့် ခရမ်းလွန်ရောင် ခြည်များမှာ ဆက်လက်မြင့်မားနေ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ နွေရာသီဖြစ်ခြင်း ကြောင့် အပူချိန်လွန်ကဲနေသည့်အ ပြင် အယ်နီညိုရာသီဥတုနှစ်ဖြစ်ခြင်း ကြောင့်လည်း အပူချိန်မြင့်မားနေမှု ဒဏ်ကို ပြည်သူများခံစားနေရသေည်။
''အယ်နီညိုရာသီကိုလဲ ဇွန်လ ထိခံစားရမယ်။ ပြီးတော့ ခရမ်းလွန် ရောင်ခြည် ကိုလဲ ဇွန်လထိ ခံစားနေ ရဦးမယ်။ ဒီနွေက ပူပြင်းရတဲ့အထဲ အယ်လ်နီညို ကလဲဖြစ်တော့ တစ်ပူ ပေါ် တစ်ပူဆင့်တာပေါ့။ မိုးရာသီ ဘက်ကို ရောက်လာရင်တော့ လျော့ သွားမှာပေါ့''ဟု ဒေါက်တာထွန်း လွင်က ပြောသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်း လွန်ကဲအဆင့်ရောက်ရှိနေ သောဒေသမှာ ကော့သောင်းဖြစ်ပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း အလွန်မြင့်မားသော အဆင့်ကို ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်နွေရာသီသည် အပူချိန် နှင့် ခရမ်းလွန်ရောင်ခြည်များ မြင့် မားနေပြီး၊ အပူဒဏ်လေးမျိုးဖြစ်သော အပူချိန်မြင့်မားလွန်းခြင်း၊ လေထဲ ရေငွေ့ပါပြီး တိမ်ဖြစ်ပေမယ့် မိုးမရွာ ခြင်းကြောင့် ခံစားရသည့် အပူချိန် မြင့်ခြင်း၊ အပူချိန် အတော်အတန် သာမြင့်ပေမယ့် ကိုယ်ခန္ဓာပေါ်တွင် အပူဒဏ်များလာခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းခြင်းကြောင့် ကမ္ဘာမြေပြင်ပေါ် သို့ ခရမ်းလွန်ရောင်ခြည် အမျိုးအစား ပမာဏတိုးလာ၍ အပူဒဏ်ပိုခံစား ရခြင်းတို့ကိုဖြစ်စေခြင်းကြောင့် အပူ ဒဏ်ကြောင့်ဖြစ်စေသော ကျန်းမာ ရေးပြဿနာများကို အထူးဂရုပြုနေ ထိုင်သင့်ကြောင်း သိရသည်။
MMA
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Tuesday, March 24, 2015

SUN-1





ေနေရာင္ျခည္ ကို နယ္ပယ္ အမ်ိဳးအမ်ိဳး တြင္ အသုံးခ်ျခင္း
ေနသည္ လူးသားမ်ားအတြက္ အလြန္တရာအေရးပါ ေသာ အခန္းက႑ မွရပ္တည္ေနပါသည္။
1. ဝတၳဳ ပစၥည္းတို.ကိုျမင္ရန္ အတြက္ အလင္းေရာင္ျခည္ရသည္။
2. ေရာင္ျခည္တြင္ ပါဝင္ေသာ စြမ္းအင္ေၾကာင့္ ေႏြးေႏြး ေထြးေထြး ရွိေစသည္။
3. ျမစ္ေခ်ာင္း၊ သမုဒၵရာ စသည့္ တို.မွ ေရမ်ားကို အေငြ. ပ်ံေစၿပီး မိုး အျဖစ္ရြာခ်သျဖင့္ ေျမျပင္တြင္ေရတင္ကာ သီးႏွံမ်ားေပါက္ေရာက္ ၾကသည္။
4. သီးႏွံမ်ားကိုယ္တိုင္ကလည္း ႀကီးထြားရန္ ေနေရာင္ျခည္ ကို တိုက္ရိုက္လိုအပ္ေပေသးသည္။
5. ေနမွစြမ္းအင္ မ်ား ကို ယင္းသီးႏွံတို.က ဆဲလ္ (Cell) မ်ား အတြင္း၌ သိုမွီး သိမ္း ဆည္းထားပါ သည္။
6. လူႏွင့္တကြ သက္ရွိမ်ားက ယင္းသီႏွံတို. ကို စားသုံးေသာအခါ သီးႏွံတြင္းရွိ စြမ္းအင္မ်ားကို ရရွိၿပီး အသက္ရွင္သန္မူ အတြက္ လိုအပ္ေသာ စြမ္းအင္မ်ား ျပည့္ၿဖိဳး လာပါသည္။
7. ထင္းမ်ားကို မ်ားကိုမီးရွို.၍ရရွိေသာ အပူစြမ္းအင္သည္ အဘယ္က ျမစ္ဖ်ားခံနည္းဟု စူးစမ္းေသာ္ သစ္ပင္အျဖစ္ ရွိစဥ္က စုပ္ယူသိုမွီးထားေသာ ေန၏စြမ္းအင္ျဖစ္ေၾကာင္းသိရျပန္သည္။
8. ထိုအျပင္ လၽွပ္စစ္ အသုံးအေဆာင္ပစၥည္းမ်ားသုံးရန္လိုအပ္ေသာ လၽွပ္စစ္ဓာတ္သည္ပင္ ေနမွစတင္ျဖစ္ေပၚလာေသာ ေန၏စြမ္းအင္ ျဖစ္သည္ဟုဆိုနိုင္ေပသည္။
9. အဘယ္ေၾကာင့္ဆိုေသာ္ လၽွပ္စစ္ဓာတ္ထုတ္ေသာ စက္ႀကီးမ်ားလည္ပတ္နိုင္ရန္အတြက္ ေရအားကိုသုံးၾကသည္။
ယင္းေရအတြင္း၌ ေန၏ စြမ္းအင္မ်ားပါဝင္ေနသည္။ တဖန္ တာတမံအတြင္း ရွိေရမ်ား အနက္ တခ်ိဳ.တဝက္သည္ မိုးေရမ်ားျဖစ္ၾကသည္။ ယင္းေရထုက လၽွပ္စစ္ဒိုင္နမို ႀကီးကိုလည္ေစျခင္းျဖင့္ လၽွပ္စစ္ဓာတ္ကို ရရွိသည္။
10. ထို.ေၾကာင့္ လၽွပ္စစ္ဓာတ္သည္ပင္ ေန၏ တျဖစ္လဲ စြမ္းအင္ ျဖစ္ေၾကာင္း သိရျပန္သည္။
အခ်ဴပ္ကိုတင္ျပရေသာ္ ေနဆိုသည္မွာ သတၱေလာက၏ အရွင္သခင္ၾကယ္တခုပင္ျဖစ္ပါသည္။


Unicode Version:
နေရောင်ခြည် ကို နယ်ပယ် အမျိုးအမျိုး တွင် အသုံးချခြင်း
နေသည် လူးသားများအတွက် အလွန်တရာအရေးပါ သော အခန်းကဏ္ဍ မှရပ်တည်နေပါသည်။
1. ဝတ္ထု ပစ္စည်းတို.ကိုမြင်ရန် အတွက် အလင်းရောင်ခြည်ရသည်။
2. ရောင်ခြည်တွင် ပါဝင်သော စွမ်းအင်ကြောင့် နွေးနွေး ထွေးထွေး ရှိစေသည်။
3. မြစ်ချောင်း၊ သမုဒ္ဒရာ စသည့် တို.မှ ရေများကို အငွေ. ပျံစေပြီး မိုး အဖြစ်ရွာချသဖြင့် မြေပြင်တွင်ရေတင်ကာ သီးနှံများပေါက်ရောက် ကြသည်။
4. သီးနှံများကိုယ်တိုင်ကလည်း ကြီးထွားရန် နေရောင်ခြည် ကို တိုက်ရိုက်လိုအပ်ပေသေးသည်။
5. နေမှစွမ်းအင် များ ကို ယင်းသီးနှံတို.က ဆဲလ် (Cell) များ အတွင်း၌ သိုမှီး သိမ်း ဆည်းထားပါ သည်။
6. လူနှင့်တကွ သက်ရှိများက ယင်းသီနှံတို. ကို စားသုံးသောအခါ သီးနှံတွင်းရှိ စွမ်းအင်များကို ရရှိပြီး အသက်ရှင်သန်မူ အတွက် လိုအပ်သော စွမ်းအင်များ ပြည့်ဖြိုး လာပါသည်။
7. ထင်းများကို များကိုမီးရှို.၍ရရှိသော အပူစွမ်းအင်သည် အဘယ်က မြစ်ဖျားခံနည်းဟု စူးစမ်းသော် သစ်ပင်အဖြစ် ရှိစဉ်က စုပ်ယူသိုမှီးထားသော နေ၏စွမ်းအင်ဖြစ်ကြောင်းသိရပြန်သည်။
8. ထိုအပြင် လျှပ်စစ် အသုံးအဆောင်ပစ္စည်းများသုံးရန်လိုအပ်သော လျှပ်စစ်ဓာတ်သည်ပင် နေမှစတင်ဖြစ်ပေါ်လာသော နေ၏စွမ်းအင် ဖြစ်သည်ဟုဆိုနိုင်ပေသည်။
9. အဘယ်ကြောင့်ဆိုသော် လျှပ်စစ်ဓာတ်ထုတ်သော စက်ကြီးများလည်ပတ်နိုင်ရန်အတွက် ရေအားကိုသုံးကြသည်။
ယင်းရေအတွင်း၌ နေ၏ စွမ်းအင်များပါဝင်နေသည်။ တဖန် တာတမံအတွင်း ရှိရေများ အနက် တချို.တဝက်သည် မိုးရေများဖြစ်ကြသည်။ ယင်းရေထုက လျှပ်စစ်ဒိုင်နမို ကြီးကိုလည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ရရှိသည်။
10. ထို.ကြောင့် လျှပ်စစ်ဓာတ်သည်ပင် နေ၏ တဖြစ်လဲ စွမ်းအင် ဖြစ်ကြောင်း သိရပြန်သည်။
အချူပ်ကိုတင်ပြရသော် နေဆိုသည်မှာ သတ္တလောက၏ အရှင်သခင်ကြယ်တခုပင်ဖြစ်ပါသည်။

Sunday, March 15, 2015

Physics Cover Arts (Introduction)

မ်က္ႏွာဖုံး သရုပ္ေဖာ္


တုိးတက္လ်က္ရွိေသာ ႏွစ္ဆယ္တစ္ရာစုႏွစ္ သိပၸံပညာ ေခတ္၏ အာကာသ ဆုိင္ရာ စူးစမ္း ရွာေဖြမူ မ်ားတြင္ ရူပေဗဒပညာရပ္သည္ လုိအပ္စြာေသာ အေထာက္အကူ ပညာရပ္ တခုအျဖစ္ ရပ္တည္ လ်ပ္ရွိေပသည္။
ႏွစ္ဆယ္ရာစု ေခတ္ဦး ပုိင္းမွစ၍ လူသား တုိ႔သည္ လက မၻာ သုိ႔ ေျခခ်ႏုိင္ရန္ ႏွင့္စၾကာဝဠာ၏ လၽွဳိ႕ဝွက္ခ်က္မ်ားကုိ သိရွိၿပီး စုိးမုိးႏုိင္ေရး တုိ႔ကုိ ၾကံစည္အားထုတ္ ၾကရာ ယခုအခါ၌ အေကာင္အထည္ ေဖာ္ႏုိင္ခဲ့ေလၿပီ။
မိမိတုိ႔ ေနထုိင္ရာ ကမၻာ ေျမမ်က္ႏွာ ျပင္မွ စၾကာဝဠာ သုိ႔ထြက္၍ စူးစမ္း ႏုိင္ခဲ့ျခင္းမွာ လူးသားတုိ႔၏ အဖုိး မျဖတ္ ႏုိင္ ေသာ ေအာင္ျမင္မူတရပ္ ျဖစ္ေပသည္။
မ်က္ႏွာဖုံး ပန္းခ်ီး တြင္ တုိးတက္ျမင့္မားေသာ အသြင္ ကုိ ေဆာင္ ေနသည့္အာကာသေအာင္ႏုိင္ေရး အထိမ္းအမွတ္ ေက်ာက္တုိင္ ကိုေရးဆြဲ ထားေပသည္၊ ယခုအခါ လမ်က္ႏွာျပင္ႏွင့္ ပတ္သက္၍ စူးစမ္းရွာေဖြမူမ်ားျပဳလုပ္ႏုိင္သကဲ့ သုိ႔ ေနာင္အနာဂတ္ လည္း စၾကာဝဠာ တြင္းရွိ ကၽြႏ္ုပ္တုိ႔ကမၻာမွ အလြန္ေဝးကြာလွေသာ ၿဂိဳဟ္မ်ားသုိ႔ သြားေရာက္ေလ့လာမူမ်ားျပဳလုပ္ ႏုိင္ရန္ ပန္းခ်ီ ဆရာ သည္ ေဖာ္ျပပါ ဒုံး ပ်ံ ယာဥ္ကုိ စိတ္ကူးျဖင့္ တီထြင္ တီထြင္ ေရးဆြဲ ထားေပသည္၊ ထုိသုိ႔ အာကာသဆုိင္ရာ စူးစမ္းေလ့လာမူမ်ားတြင္ လူသားတုိ႔၏ ကမၻာေျမမ်က္ႏွာ ျပင္ ႏွင့္ ဆက္သြယ္မူမ်ား ျပဳလုပ္ ႏုိင္ရန္ ေရဒါ ကုိေနာက္ခံ အျဖစ္ေရးဆြဲ ထားေပသည္။
ကၽြႏ္ုပ္တုိ႔ျမန္မာသိပၸံရွင္မ်ားသည္လည္း ကမၻာ သိပၸံ ပညာတုိးတက္မူမ်ားကုိ အတုယူႏုိင္ၾကပါေစဟုဆနၷျပဳ ရင္း ဤ မ်က္ႏွာ ဖုံးပုံ ကုိဝင့္ႂကြားစြာ သရုပ္ေဖာ္လုိက္ရပါသည္။


Unicode Version :
မျက်နှာဖုံး သရုပ်ဖော်
တိုးတက်လျက်ရှိသော နှစ်ဆယ်တစ်ရာစုနှစ် သိပ္ပံပညာ ခေတ်၏ အာကာသ ဆိုင်ရာ စူးစမ်း ရှာဖွေမူ များတွင် ရူပဗေဒပညာရပ်သည် လိုအပ်စွာသော အထောက်အကူ ပညာရပ် တခုအဖြစ် ရပ်တည် လျပ်ရှိပေသည်။
နှစ်ဆယ်ရာစု ခေတ်ဦး ပိုင်းမှစ၍ လူသား တို့သည် လက မ္ဘာ သို့ ခြေချနိုင်ရန် နှင့်စကြာဝဠာ၏ လျှို့ဝှက်ချက်များကို သိရှိပြီး စိုးမိုးနိုင်ရေး တို့ကို ကြံစည်အားထုတ် ကြရာ ယခုအခါ၌ အကောင်အထည် ဖော်နိုင်ခဲ့လေပြီ။ မိမိတို့ နေထိုင်ရာ ကမ္ဘာ မြေမျက်နှာ ပြင်မှ စကြာဝဠာ သို့ထွက်၍ စူးစမ်း နိုင်ခဲ့ခြင်းမှာ လူးသားတို့၏ အဖိုး မဖြတ် နိုင် သော အောင်မြင်မူတရပ် ဖြစ်ပေသည်။
မျက်နှာဖုံး ပန်းချီး တွင် တိုးတက်မြင့်မားသော အသွင် ကို ဆောင် နေသည့်အာကသအောင်နိုင်ရေး အထိမ်းအမှတ် ကျောက်တိုင် ကိုရေးဆွဲ ထားပေသည်၊ ယခုအခါ လမျက်နှာပြင်နှင့် ပတ်သက်၍ စူးစမ်းရှာဖွေမူများပြုလုပ်နိုင်သကဲ့ သို့ နောင်အနာဂတ် လည်း စကြာဝဠာ တွင်းရှိ ကျွန်ုပ်တို့ကမ္ဘာမှ အလွန်ဝေးကွာလှသော ဂြိုဟ်များသို့ သွားရောက်လေ့လာမူများပြုလုပ် နိုင်ရန် ပန်းချီ ဆရာ သည် ဖော်ပြပါ ဒုံး ပျံ ယာဥ်ကို စိတ်ကူးဖြင့် တီထွင် တီထွင် ရေးဆွဲ ထားပေသည်၊ ထိုသို့ အာကာသဆိုင်ရာ စူးစမ်းလေ့လာမူများတွင် လူသားတို့၏ ကမ္ဘာမြေမျက်နှာ ပြင် နှင့် ဆက်သွယ်မူများ ပြုလုပ် နိုင်ရန် ရေဒါ ကိုနောက်ခံ အဖြစ်ရေးဆွဲ ထားပေသည်။
ကျွန်ုပ်တို့မြန်မာသိပ္ပံရှင်များသည်လည်း ကမ္ဘာ သိပ္ပံ ပညာတိုးတက်မူများကို အတုယူနိုင်ကြပါစေဟုဆန္နပြု ရင်း ဤ မျက်နှာ ဖုံးပုံ ကိုဝင့်ကြွားစွာ သရုပ်ဖော်လိုက်ရပါသည်။


Re:Myanmar Physics Journal.