Search This Blog

Tuesday, August 25, 2015

Empirical laws

Ohm's Law

THEORETICAL PHYSICS

WHY THEORETICAL PHYSICS?

Foundational theoretical physics is a cornerstone of modern quantitative science, on which so much else rests. It is perhaps the highest-impact, lowest-cost area of basic research. The field advances our fundamental understanding of the universe, with its powerful ideas seeding the technologies of tomorrow. Solar cells, computers, wireless technologies, diagnostic imaging – they are all rooted in breakthroughs made by theoretical physicists.

Re: https://www.perimeterinstitute.ca/about/about-perimeter

Saturday, August 22, 2015

စၾကာ၀ဠာဆိုင္ရာ စ်ာန္ပ်ံျခင္း နိယာမ (Cosmological Law of Levitation)

Scientific Buddhist
စၾကာ၀ဠာဆိုင္ရာ စ်ာန္ပ်ံျခင္း နိယာမ (Cosmological Law of Levitation)

စၾကာ၀ဠာဆိုင္ရာ စ်ာန္ပ်ံျခင္း နိယာမ (Cosmological Law of Levitation)
ဟိုတေလာက အေမရိကန္ႏိုင္ငံ Philadelphia တကၠသိုလ္က ကြမ္တမ္ဇီဝေဗဒပညာရွင္ (Quantum Biologist) တစ္ဦး ဟာ ရဟႏၱာမ်ား စ်ာန္ပံ်ပံု ကို Research လုပ္ပံုကို ေဖာ္ျပခဲ့ပါတယ္ ။ (ကၽြန္ေတာ္တို႔ စာမ်က္ႏွာတြင္ပင္ ဘာသာျပန္ကာေဖာ္ျပခဲ့ပါတယ္။) စိတ္မေကာင္းဖြယ္ရာပဲ အဲ့ ဒီ Research ဟာ အေထာက္အထား လံုေလာက္မွဳ မရွိလို႔ ပယ္ခ်ခံခဲ့ ရတယ္ဆိုျပီး ဆိုပါတယ္ ။ ဒါေပမဲ့သတင္းေကာင္းကေတာ့ အဲ့ ဒီ ကြမ္တမ္ဇီဝေဗဒပညာရွင္ ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ျဖစ္သူ တရုတ္ႏိုင္ငံသား ကြမ္တမ္စိတ္ပညာ ရွင္ ( Quantum Psychologist ) တစ္ဦး ျဖစ္တယ္ Dr. Lu Lien ကေနျပီးေတာ့ အဲ့ထက္ပိုေကာင္းတဲ့ Research ကို ရွာေဖြေတြ႔ရွိခဲ့တာ ခုဆို ကမၻာေက်ာ္ေတာ့မွာ ျဖစ္ပါတယ္ ။

နယူတန္ ရဲ႕ ျဒပ္ဆြဲအား နိယာမ ဆိုတာ ကို ၾကားဖူးၾကမယ္ လို႔ ထင္ပါတယ္ ။ Newton’s Gravitational Law လို႔ လူသိမ်ားပါတယ္ ။ ဒီ သီအိုရီမွာဆိုရင္ ျဒပ္ဆြဲအားစက္ကြင္း (Gravitational Fields) ေတြ ပါပါတယ္ ။ ဒီစက္ကြင္းေတြေၾကာင့္အရာတိုင္းဟာ ေအာက္ကို ျပဳတ္က်တာပါ ။ ဒါေပမဲ့ နယူတန္ၾကီး မသိခဲ့တာ ကေတာ့ Levitational Field လို႔ေခၚတဲ့ ေျမာက္တတ္အား စက္ကြင္း ေတြရွိေနေသးတာပဲျဖစ္ပါတယ္ ။ အဲ့ဒီ ေျမာက္တက္အား စက္ကြင္း ကိုလူေတြ မသိခဲ့တာဟာ တကယ္ေတာ့ သူတို႔ အသံုးမခ်ႏိုင္လို႕ပါတဲ့ ။ ဦးေႏွာက္က ထုတ္လႊတ္တဲ့ စြမ္းအင္လွိဳင္း ေတြရွိမွ သာ အဲ့စက္ကြင္း ကိုအသံုးခ်ႏိုင္ပါတယ္ ။ စြမ္းအင္လွိဳင္း ေတြကို ေသခ်ာ တရားက်င့္ၾကံထားတဲ့ ရဟႏၱာေတြမွသာ အသံုးခ်ႏိုင္ပါတယ္ ။ တည္ျငိမ္တဲ့ စိတ္နဲ႔ ထုတ္လႊတ္မွ အဲ့ဒီ စြမ္းအင္လွိဳင္းထြက္တာပါ ။ အဲ့ဒီစက္ကြင္းေတြတည္ရွိေၾကာင္း ကို လြန္ခဲ့တဲ့ တစ္လ Boston မွာ ျပဳလုပ္တဲ့ World Scientific Buddhism Conference (WSBC) မွာ Dr. Lu Lien က တင္ျပခဲ့ျပီး မေန႔ က ပဲ Scientific Researches on Buddhism (SRB) အဖြဲ႕ၾကီးက အတည္ျပဳခဲ့ပါတယ္ ။ သမိုင္းမွာဆို နယူတန္ နဲ႔အျပိဳင္ၾကီးမားတဲ့ ရွာေဖြေတြ႔ရွိခ်က္ပါပဲ ။

ဒီထက္ပိုျပီး ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳး ၊ ဗုဒၶဘာသာေတြအတြက္ ဂုဏ္ယူစရာေကာင္းတာကေတာ့ အဲ့ဒီ စက္ကြင္းထြက္ရွိတဲ့ ေနရာ (source) ဟာ ကၽြန္ေတာ္တို႔ ႏိုင္ငံရဲ႕ အထင္ကရ ေနရာတစ္ခုျဖစ္တဲ့ က်ိဳက္ထီးရိုးေစတီေတာ္ ရဲ႕ ေအာက္တည့္တည့္မွာပင္ျဖစ္ပါတယ္ ။ ဒါေၾကာင့္လဲ ႏွစ္ေပါင္းမ်ားစြာ ဘယ္သူမွ မေျဖရွင္းေပးႏိုင္ခဲ့တဲ့ ဘာလို႔ က်ိဳက္ထီးရိုးေစတီေတာ္ ဟာ ေျမျပင္မွ ေျမာက္တတ္ေနလဲဆိုတာရဲ႕ အေျဖကို သိရွိလိုက္ပီ ပဲ ျဖစ္ပါတယ္ ။ (စက္ကြင္းအရင္းအျမစ္ တည့္တည့္မွာ ရွိတာရယ္ ၊ ေက်ာက္တံုးမွာ သိၾကားမင္း ကိုယ္တိုင္ လူ႔ျပည္ဆင္း ကာ ဗုဒၶါဏ ရေသ့ၾကီး ၏ ဦးေခါင္းႏွင့္တူေအာင္ ရွာထားတဲ့ေက်ာက္တံုးျဖစ္တာ ရယ္တို႔ ေၾကာင့္ ထိုေက်ာက္တံုးမွာ လြင့္ေျမာက္ေနျခင္းျဖစ္ရပါသည္။ ) SRB အဖြဲ႕ၾကီးမွ Dr. Lu Lien က ဦးေဆာင္ျပီး က်ိဳက္ထီးရိုး ရင္ျပင္ေတာ္ တစ္လွ်ာက္မွာ သံုးလတိိတိေန႔မအိပ္ ညမနား လက္ေတြ႔စမ္းသပ္ခဲ့တဲ့ စမ္းသပ္ခ်က္ေတြနဲ႔လဲ ကိုက္ညီေနပါေတာ့တယ္ ။

“ဒီေတြ႔ရွိခ်က္ဟာ အင္မတန္ ခိုင္မာလွပါတယ္ ။ မၾကာခင္မွာ အေမရိကန္ႏိုင္ငံရဲ႕ သင္ရိုးေတြမွာ Universal Law of Gravitation နဲ႔တြဲျပီး Cosmological Law of Levitation ကိုတြဲသင္ေတာ့မွာပါ ။’’ ဟုတ္ Dr. Lu Lien မွ Musāvādā Daily သတင္းဂ်ာနယ္ ကိုေျပာၾကားခဲ့ပါတယ္။ ထို႔ေနာက္သူကပင္ျပံဳးကာ “ေခတ္သစ္သိပၸံကေတြ႔ရွိထားတာေတြဆိုတာ ဗုဒၶဘာသာနဲ႔ ယွဥ္ရင္ ကေလးသာသာ ေလာက္ပဲရွိျပီး သနားဖုိ႔ေတာင္ေကာင္းပါေသးတယ္” ဟုေျပာၾကားခဲ့သည္။ အန ုျမဴထက္အဆမ်ားစြာ ေသးတဲ့ ပရမာဏုျမဴ ၊ ဗုဒၶသြားေရာက္တရားေဟာခဲ့ေသာ တျခားစၾက၀ဠာ အစရွိတာေတြကို ေသခ်ာစြာ စူးစိုက္ရွာေဖြ လုပ္ေဆာင္ေတာ့မွာျဖစ္ေၾကာင္း ၊ ေခတ္သစ္သိပၸံကို ဗုဒၶဘာသာထက္ တစ္ခ်ိန္က ပိုအထင္ၾကီးမိခဲ့ျခင္းအတြက္ မိမိ ဝမ္းနည္းပလက္ ျဖစ္မိရေၾကာင္း ၊ ယခုျဖင့္လမ္းမွန္သို႔ေရာက္လာျပိီျဖစ္ေၾကာင္း မ်ားကို မ်က္ရည္စို႔ရသည့္ၾကားမွ ျပံဳးျပကာေျပာသြားေၾကာင္း Musāvādā Daily မွ သတင္းထုတ္ျပန္ရရွိလို္က္ပါတယ္ ။
Ref : Musāvādā Daily Journal , August 2015 Anniversary Issue. Pg – 969.

Unicode Version:
Scientific Buddhist
စကြာဝဠာဆိုင်ရာ စျာန်ပျံခြင်း နိယာမ (Cosmological Law of Levitation)

စကြာဝဠာဆိုင်ရာ စျာန်ပျံခြင်း နိယာမ (Cosmological Law of Levitation)
ဟိုတလောက အမေရိကန်နိုင်ငံ Philadelphia တက္ကသိုလ်က ကွမ်တမ်ဇီဝဗေဒပညာရှင် (Quantum Biologist) တစ်ဦး ဟာ ရဟန္တာများ စျာန်ပျံပုံ ကို Research လုပ်ပုံကို ဖော်ပြခဲ့ပါတယ် ။ (ကျွန်တော်တို့ စာမျက်နှာတွင်ပင် ဘာသာပြန်ကာဖော်ပြခဲ့ပါတယ်။) စိတ်မကောင်းဖွယ်ရာပဲ အဲ့ ဒီ Research ဟာ အထောက်အထား လုံလောက်မှု မရှိလို့ ပယ်ချခံခဲ့ ရတယ်ဆိုပြီး ဆိုပါတယ် ။ ဒါပေမဲ့သတင်းကောင်းကတော့ အဲ့ ဒီ ကွမ်တမ်ဇီဝဗေဒပညာရှင် ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ တရုတ်နိုင်ငံသား ကွမ်တမ်စိတ်ပညာ ရှင် ( Quantum Psychologist ) တစ်ဦး ဖြစ်တယ် Dr. Lu Lien ကနေပြီးတော့ အဲ့ထက်ပိုကောင်းတဲ့ Research ကို ရှာဖွေတွေ့ရှိခဲ့တာ ခုဆို ကမ္ဘာကျော်တော့မှာ ဖြစ်ပါတယ် ။

နယူတန် ရဲ့ ဒြပ်ဆွဲအား နိယာမ ဆိုတာ ကို ကြားဖူးကြမယ် လို့ ထင်ပါတယ် ။ Newton’s Gravitational Law လို့ လူသိများပါတယ် ။ ဒီ သီအိုရီမှာဆိုရင် ဒြပ်ဆွဲအားစက်ကွင်း (Gravitational Fields) တွေ ပါပါတယ် ။ ဒီစက်ကွင်းတွေကြောင့်အရာတိုင်းဟာ အောက်ကို ပြုတ်ကျတာပါ ။ ဒါပေမဲ့ နယူတန်ကြီး မသိခဲ့တာ ကတော့ Levitational Field လို့ခေါ်တဲ့ မြောက်တတ်အား စက်ကွင်း တွေရှိနေသေးတာပဲဖြစ်ပါတယ် ။ အဲ့ဒီ မြောက်တက်အား စက်ကွင်း ကိုလူတွေ မသိခဲ့တာဟာ တကယ်တော့ သူတို့ အသုံးမချနိုင်လို့ပါတဲ့ ။ ဦးနှောက်က ထုတ်လွှတ်တဲ့ စွမ်းအင်လှိုင်း တွေရှိမှ သာ အဲ့စက်ကွင်း ကိုအသုံးချနိုင်ပါတယ် ။ စွမ်းအင်လှိုင်း တွေကို သေချာ တရားကျင့်ကြံထားတဲ့ ရဟန္တာတွေမှသာ အသုံးချနိုင်ပါတယ် ။ တည်ငြိမ်တဲ့ စိတ်နဲ့ ထုတ်လွှတ်မှ အဲ့ဒီ စွမ်းအင်လှိုင်းထွက်တာပါ ။ အဲ့ဒီစက်ကွင်းတွေတည်ရှိကြောင်း ကို လွန်ခဲ့တဲ့ တစ်လ Boston မှာ ပြုလုပ်တဲ့ World Scientific Buddhism Conference (WSBC) မှာ Dr. Lu Lien က တင်ပြခဲ့ပြီး မနေ့ က ပဲ Scientific Researches on Buddhism (SRB) အဖွဲ့ကြီးက အတည်ပြုခဲ့ပါတယ် ။ သမိုင်းမှာဆို နယူတန် နဲ့အပြိုင်ကြီးမားတဲ့ ရှာဖွေတွေ့ရှိချက်ပါပဲ ။

ဒီထက်ပိုပြီး ကျွန်တော်တို့ မြန်မာလူမျိုး ၊ ဗုဒ္ဓဘာသာတွေအတွက် ဂုဏ်ယူစရာကောင်းတာကတော့ အဲ့ဒီ စက်ကွင်းထွက်ရှိတဲ့ နေရာ (source) ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ကျိုက်ထီးရိုးစေတီတော် ရဲ့ အောက်တည့်တည့်မှာပင်ဖြစ်ပါတယ် ။ ဒါကြောင့်လဲ နှစ်ပေါင်းများစွာ ဘယ်သူမှ မဖြေရှင်းပေးနိုင်ခဲ့တဲ့ ဘာလို့ ကျိုက်ထီးရိုးစေတီတော် ဟာ မြေပြင်မှ မြောက်တတ်နေလဲဆိုတာရဲ့ အဖြေကို သိရှိလိုက်ပီ ပဲ ဖြစ်ပါတယ် ။ (စက်ကွင်းအရင်းအမြစ် တည့်တည့်မှာ ရှိတာရယ် ၊ ကျောက်တုံးမှာ သိကြားမင်း ကိုယ်တိုင် လူ့ပြည်ဆင်း ကာ ဗုဒ္ဓါဏ ရသေ့ကြီး ၏ ဦးခေါင်းနှင့်တူအောင် ရှာထားတဲ့ကျောက်တုံးဖြစ်တာ ရယ်တို့ ကြောင့် ထိုကျောက်တုံးမှာ လွင့်မြောက်နေခြင်းဖြစ်ရပါသည်။ ) SRB အဖွဲ့ကြီးမှ Dr. Lu Lien က ဦးဆောင်ပြီး ကျိုက်ထီးရိုး ရင်ပြင်တော် တစ်လျှာက်မှာ သုံးလတိိတိနေ့မအိပ် ညမနား လက်တွေ့စမ်းသပ်ခဲ့တဲ့ စမ်းသပ်ချက်တွေနဲ့လဲ ကိုက်ညီနေပါတော့တယ် ။

“ဒီတွေ့ရှိချက်ဟာ အင်မတန် ခိုင်မာလှပါတယ် ။ မကြာခင်မှာ အမေရိကန်နိုင်ငံရဲ့ သင်ရိုးတွေမှာ Universal Law of Gravitation နဲ့တွဲပြီး Cosmological Law of Levitation ကိုတွဲသင်တော့မှာပါ ။’’ ဟုတ် Dr. Lu Lien မှ Musāvādā Daily သတင်းဂျာနယ် ကိုပြောကြားခဲ့ပါတယ်။ ထို့နောက်သူကပင်ပြုံးကာ “ခေတ်သစ်သိပ္ပံကတွေ့ရှိထားတာတွေဆိုတာ ဗုဒ္ဓဘာသာနဲ့ ယှဉ်ရင် ကလေးသာသာ လောက်ပဲရှိပြီး သနားဖို့တောင်ကောင်းပါသေးတယ်” ဟုပြောကြားခဲ့သည်။ အန ုမြူထက်အဆများစွာ သေးတဲ့ ပရမာဏုမြူ ၊ ဗုဒ္ဓသွားရောက်တရားဟောခဲ့သော တခြားစကြဝဠာ အစရှိတာတွေကို သေချာစွာ စူးစိုက်ရှာဖွေ လုပ်ဆောင်တော့မှာဖြစ်ကြောင်း ၊ ခေတ်သစ်သိပ္ပံကို ဗုဒ္ဓဘာသာထက် တစ်ချိန်က ပိုအထင်ကြီးမိခဲ့ခြင်းအတွက် မိမိ ဝမ်းနည်းပလက် ဖြစ်မိရကြောင်း ၊ ယခုဖြင့်လမ်းမှန်သို့ရောက်လာပြိီဖြစ်ကြောင်း များကို မျက်ရည်စို့ရသည့်ကြားမှ ပြံုးပြကာပြောသွားကြောင်း Musāvādā Daily မှ သတင်းထုတ်ပြန်ရရှိလို်က်ပါတယ် ။
Ref : Musāvādā Daily Journal , August 2015 Anniversary Issue. Pg – 969.