Search This Blog

Thursday, April 30, 2015

SUN-2

Light [Solar System]

ေနမွစြမ္းအင္ထြက္ျခင္းမွာ နယူကလိယေပါင္းစပ္ျခင္းေၾကာင့္ ျဖစ္သည္။
ပရုိတြန္ေလးလုံးသည္ ဆင့္ကဲေပါင္းစပ္ျခင္းျဖင့္ ေနာက္ဆုံးတြင္ ဟီလီယမ္ျဖစ္လာရာတြင္ စြမ္းအင္၊ ပုိစီထရြန္၊ နယူထရီႏုိႏွင့္ ဂါမာေရာင္ျခည္မ်ားပါ လႊတ္ထုတ္သည္။ေန၏ အတြင္းပုိင္းတြင္ အပူခ်ိန္ ဒီဂရီ သန္း ၂၀-ခန္႔ရွိရာ အလြန္လ်င္ျမန္စြာ ေရြ႕လ်ားေနေသာ အီလက္ထရြန္မ်ားႏွင့္ နယူကလိယမ်ားေၾကာင့္ အိပ္စေရးေရာင္ျခည္မ်ားလည္း ထြက္ေနေသးသည္။
အိပ္စေရး သို႔မဟုတ္ ဂါမာဖုိတြန္တခုသည္ အလင္းအလ်င္ႏွင့္ သြားေသာ္လည္း ေရြ႕လ်ားေနေသာ အုိင္ယြန္းမ်ားႏွင့္ တုိက္ခုိက္လြင့္စင္ေနရသျဖင့္ေန၏မ်က္ႏွာျပင္သုိ႔ ေရာက္ရန္ ႏွစ္ေပါင္း ၂၀၀၀၀ ခန္႔ၾကာေလသည္။
ဤအခ်ိန္အတြင္း တခါလြင့္စင္တုိင္း လႈိင္း အလ်ား ပုိရွည္လာသျဖင့္ အိပ္စေရးမ်ားသည္ ေနမ်က္ႏွာျပင္သုိ႔ ေရာက္ေသာအခါ အလင္းႏွင့္ ခရမ္း ေဘးေရာင္ျခည္မ်ား ျဖစ္လာၾကေတာ့သည္။
Unicode:
နေမှစွမ်းအင်ထွက်ခြင်းမှာ နယူကလိယပေါင်းစပ်ခြင်းကြောင့် ဖြစ်သည်။
ပရိုတွန်လေးလုံးသည် ဆင့်ကဲပေါင်းစပ်ခြင်းဖြင့် နောက်ဆုံးတွင် ဟီလီယမ်ဖြစ်လာရာတွင် စွမ်းအင်၊ ပိုစီထရွန်၊ နယူထရီနိုနှင့် ဂါမာရောင်ခြည်များပါ လွှတ်ထုတ်သည်။နေ၏ အတွင်းပိုင်းတွင် အပူချိန် ဒီဂရီ သန်း ၂၀-ခန့်ရှိရာ အလွန်လျင်မြန်စွာ ရွေ့လျားနေသော အီလက်ထရွန်များနှင့် နယူကလိယများကြောင့် အိပ်စရေးရောင်ခြည်များလည်း ထွက်နေသေးသည်။
အိပ်စရေး သို့မဟုတ် ဂါမာဖိုတွန်တခုသည် အလင်းအလျင်နှင့် သွားသော်လည်း ရွေ့လျားနေသော အိုင်ယွန်းများနှင့် တိုက်ခိုက်လွင့်စင်နေရသဖြင့်နေ၏မျက်နှာပြင်သို့ ရောက်ရန် နှစ်ပေါင်း ၂၀၀၀၀ ခန့်ကြာလေသည်။
ဤအချိန်အတွင်း တခါလွင့်စင်တိုင်း လှိုင်း အလျား ပိုရှည်လာသဖြင့် အိပ်စရေးများသည် နေမျက်နှာပြင်သို့ ရောက်သောအခါ အလင်းနှင့် ခရမ်း ဘေးရောင်ခြည်များ ဖြစ်လာကြတော့သည်။

FIBER OPTICS

FIBER OPTICS

LASERS AND HOLOGRAPHY

LASERS AND HOLOGRAPHY

DIGITAL ELECTRONICS

DIGITAL ELECTRONICS

NANOTECHNOLOGY

NANOTECHNOLOGY

PHYSICAL OPTICS

Physical Optics

Nuclear Physics

Nuclear Physics

Coming Soon

Intro of SM

Introduction of Statistical Mechanics

Relativistic Mechanics

Coming Soon

Wednesday, April 8, 2015

News

လာမည့္လတြင္ ေနသည္ ျမန္မာႏိုင္ငံ၏အေပၚ တည့္တည့္ကို ေရာက္ရွိလာမည္ျဖစ္ျခင္းေၾကာင့္ အပူခ်ိန္ႏွင့္ ခရမ္းလြန္ေရာင္ျခည္ အၫႊန္းကိန္းမ်ားမွာ ဆက္လက္ျမင့္မားေနမည္ဟုဆို
=============================================
ရန္ကုန္၊ မတ္ ၁၉
လာမည့္လတြင္ ေနသည္ ျမန္မာႏိုင္ငံ၏အေပၚတည့္ တည့္ကို ေရာက္ရွိလာမည္ျဖစ္ျခင္း ေၾကာင့္ အပူခ်ိန္ႏွင့္ ခရမ္းလြန္ေရာင္ ျခည္အၫႊန္းကိန္းမ်ားမွာ ဆက္လက္ ျမင့္မားေနဦးမည္ျဖစ္ေၾကာင္း မိုးေလ ဝသႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္ တာထြန္းလြင္ထံမွ သိရသည္။
လက္ရွိတြင္ ေနသည္ ေျမာက္ ယဥ္စြန္းတန္း ( 22. 5 H N ) ကို ဦး တည္ေရြ႕လ်ားေနၿပီး၊ လာမည့္မတ္ ၂၁ရက္ခန္႔တြင္ ျမန္မာႏိုင္ငံအေပၚ ကို ေရာက္ရွိလာႏိုင္ၿပီး၊ အေနာက္ ေတာင္ဘက္ကို ျပန္ဆင္းလာကာ လာမည့္ လအတြင္း ျမန္မာႏိုင္ငံအ တြင္း ဦးေခါင္းေပၚတည့္တည့္မွာရွိ ေနႏိုင္ျခင္းေၾကာင့္ ခရမ္းလြန္ေရာင္ ျခည္မ်ားမွာ ဆက္လက္ျမင့္မားေန မည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္သည္ ျမန္မာႏိုင္ငံ၏ ေႏြရာသီျဖစ္ျခင္း ေၾကာင့္ အပူခ်ိန္လြန္ကဲေနသည့္အ ျပင္ အယ္နီညိဳရာသီဥတုႏွစ္ျဖစ္ျခင္း ေၾကာင့္လည္း အပူခ်ိန္ျမင့္မားေနမႈ ဒဏ္ကုိ ျပည္သူမ်ားခံစားေနရေသည္။
''အယ္နီညိဳရာသီကိုလဲ ဇြန္လ ထိခံစားရမယ္။ ၿပီးေတာ့ ခရမ္းလြန္ ေရာင္ျခည္ ကိုလဲ ဇြန္လထိ ခံစားေန ရဦးမယ္။ ဒီေႏြက ပူျပင္းရတဲ့အထဲ အယ္လ္နီညိဳ ကလဲျဖစ္ေတာ့ တစ္ပူ ေပၚ တစ္ပူဆင့္တာေပါ့။ မိုးရာသီ ဘက္ကို ေရာက္လာရင္ေတာ့ ေလ်ာ့ သြားမွာေပါ့''ဟု ေဒါက္တာထြန္း လြင္က ေျပာသည္။
ခရမ္းလြန္ေရာင္ျခည္အၫႊန္း ကိန္း လြန္ကဲအဆင့္ေရာက္ရွိေန ေသာေဒသမွာ ေကာ့ေသာင္းျဖစ္ၿပီး၊ က်န္တိုင္းႏွင့္ ျပည္နယ္မ်ားတြင္လည္း အလြန္ျမင့္မားေသာ အဆင့္ကို ေရာက္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
ယခုႏွစ္ေႏြရာသီသည္ အပူခ်ိန္ ႏွင့္ ခရမ္းလြန္ေရာင္ျခည္မ်ား ျမင့္ မားေနၿပီး၊ အပူဒဏ္ေလးမ်ိဳးျဖစ္ေသာ အပူခ်ိန္ျမင့္မားလြန္းျခင္း၊ ေလထဲ ေရေငြ႕ပါၿပီး တိမ္ျဖစ္ေပမယ့္ မိုးမရြာ ျခင္းေၾကာင့္ ခံစားရသည့္ အပူခ်ိန္ ျမင့္ျခင္း၊ အပူခ်ိန္ အေတာ္အတန္ သာျမင့္ေပမယ့္ ကိုယ္ခႏၶာေပၚတြင္ အပူဒဏ္မ်ားလာျခင္း၊ ပတ္ဝန္းက်င္ ယိုယြင္းျခင္းေၾကာင့္ ကမၻာေျမျပင္ေပၚ သို႔ ခရမ္းလြန္ေရာင္ျခည္ အမ်ိဳးအစား ပမာဏတိုးလာ၍ အပူဒဏ္ပိုခံစား ရျခင္းတို႔ကိုျဖစ္ေစျခင္းေၾကာင့္ အပူ ဒဏ္ေၾကာင့္ျဖစ္ေစေသာ က်န္းမာ ေရးျပႆနာမ်ားကို အထူးဂ႐ုျပဳေန ထိုင္သင့္ေၾကာင္း သိရသည္။
MMA
- ဒီမိုကေရစီတူေဒး သတင္းစာမွ ကူးယူေဖာ္ျပပါသည္။
|─────----------------Yangon Media Group ----------
Unicode Version:
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ် တည့်တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်းကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ဆက်လက်မြင့်မားနေမည်ဟုဆို
=============================================
ရန်ကုန်၊ မတ် ၁၉
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ်တည့် တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်း ကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင် ခြည်အညွှန်းကိန်းများမှာ ဆက်လက် မြင့်မားနေဦးမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက် တာထွန်းလွင်ထံမှ သိရသည်။
လက်ရှိတွင် နေသည် မြောက် ယဉ်စွန်းတန်း ( 22. 5 H N ) ကို ဦး တည်ရွေ့လျားနေပြီး၊ လာမည့်မတ် ၂၁ရက်ခန့်တွင် မြန်မာနိုင်ငံအပေါ် ကို ရောက်ရှိလာနိုင်ပြီး၊ အနောက် တောင်ဘက်ကို ပြန်ဆင်းလာကာ လာမည့် လအတွင်း မြန်မာနိုင်ငံအ တွင်း ဦးခေါင်းပေါ်တည့်တည့်မှာရှိ နေနိုင်ခြင်းကြောင့် ခရမ်းလွန်ရောင် ခြည်များမှာ ဆက်လက်မြင့်မားနေ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ နွေရာသီဖြစ်ခြင်း ကြောင့် အပူချိန်လွန်ကဲနေသည့်အ ပြင် အယ်နီညိုရာသီဥတုနှစ်ဖြစ်ခြင်း ကြောင့်လည်း အပူချိန်မြင့်မားနေမှု ဒဏ်ကို ပြည်သူများခံစားနေရသေည်။
''အယ်နီညိုရာသီကိုလဲ ဇွန်လ ထိခံစားရမယ်။ ပြီးတော့ ခရမ်းလွန် ရောင်ခြည် ကိုလဲ ဇွန်လထိ ခံစားနေ ရဦးမယ်။ ဒီနွေက ပူပြင်းရတဲ့အထဲ အယ်လ်နီညို ကလဲဖြစ်တော့ တစ်ပူ ပေါ် တစ်ပူဆင့်တာပေါ့။ မိုးရာသီ ဘက်ကို ရောက်လာရင်တော့ လျော့ သွားမှာပေါ့''ဟု ဒေါက်တာထွန်း လွင်က ပြောသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်း လွန်ကဲအဆင့်ရောက်ရှိနေ သောဒေသမှာ ကော့သောင်းဖြစ်ပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း အလွန်မြင့်မားသော အဆင့်ကို ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်နွေရာသီသည် အပူချိန် နှင့် ခရမ်းလွန်ရောင်ခြည်များ မြင့် မားနေပြီး၊ အပူဒဏ်လေးမျိုးဖြစ်သော အပူချိန်မြင့်မားလွန်းခြင်း၊ လေထဲ ရေငွေ့ပါပြီး တိမ်ဖြစ်ပေမယ့် မိုးမရွာ ခြင်းကြောင့် ခံစားရသည့် အပူချိန် မြင့်ခြင်း၊ အပူချိန် အတော်အတန် သာမြင့်ပေမယ့် ကိုယ်ခန္ဓာပေါ်တွင် အပူဒဏ်များလာခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းခြင်းကြောင့် ကမ္ဘာမြေပြင်ပေါ် သို့ ခရမ်းလွန်ရောင်ခြည် အမျိုးအစား ပမာဏတိုးလာ၍ အပူဒဏ်ပိုခံစား ရခြင်းတို့ကိုဖြစ်စေခြင်းကြောင့် အပူ ဒဏ်ကြောင့်ဖြစ်စေသော ကျန်းမာ ရေးပြဿနာများကို အထူးဂရုပြုနေ ထိုင်သင့်ကြောင်း သိရသည်။
MMA
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။